ပန်းဘဲတန်း NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဖောက်ခွဲရေးသင်တန်းတက်ခဲ့စဉ် က ဓာတ်ပုံလား- မဟုတ်ပါ
ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးအရတိုက်ခိုက်မှုတွေတွေ၊ စွပ်စွဲပစ်တင်မှုတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ သတင်းတု၊ သတင်းမှာတွေ ဖြန့်ဝေမှုများပြားလာနေပါတယ်။ ဒီအထဲမှာ ၂၀၂၀ မှာ NLD ကရွေးချယ်လိုက်တဲ့ ပန်းဘဲတန်းလွှတ်တော်ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်နဲ့ ပတ်သက်တဲ့ ပို့စ်တစ်ခုလည်းပါဝင်ပါတယ်။ “မေပန်းချီ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်က အရွေးခံလိုက်ရတဲ့ စည်သူမောင်ဆိုတာ တစ်ချိန်တုန်းက အစိုးရကို မြေအောက် တော်လှန်ရေးလုပ်ခဲ့တဲ့ ဖောက်ခွဲဖျက်ဆီးရေးသမားတစ်ဦးဖြစ်ပါတယ်…အခု NLD အစိုးရက သူ့လိုလူမျိုးကို နိုင်ငံ တော်ရဲ့ အာဏာကြီး(၃)ရပ်ထဲမှာ ထဲထဲဝင်ဝင်လုပ်နိုင်ဖို့ ရွေးချယ်လိုက်ပြီးဆိုတော့ နောင်တစ်ချိန်မှာ မြန်မာ နိုင်ငံ ဟာ တူရကီနိုင်ငံလိုမျိုး ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်လဲ”စသည်ဖြင့်ရေးသား မျှဝေထားတာ တွေ့ရပြီး အခြားသူတစ်ဉီးနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံလည်းပါဝင်ပါတယ်။ ဒီဓာတ်ပုံမှာ မဲဆောက်မှာ ဖောက်ခွဲရေး သင်တန်းတက်ခဲ့စဉ်ကလို့လည်း ရေးသားထားပါတယ်။ […]
Continue Reading