တစ်ကိုယ်လုံးနီးပါးအရေးအပြာမှာအဖုအပိန့်တွေနဲ့ ဖျားနေတဲ့သူက ဝက်သားစား လို့ဖြစ်တာလား

တစ်ကိုယ်လုံးနီးပါးအရေးအပြာမှာအဖုအပိန့်တွေနဲ့ အပြင်းအထန်ဖျားနေတဲ့သူတစ်ယောက်နဲ့ ဝက်သားတုံး ပုံတွေပါတဲ့ ပို့စ်တစ်ခု လူမှုကွန် ယက်မှာသုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။  “ဝက်သားကြိုက်သူများ ခများ သတိထားကြပါ ဗျ” ဆိုပြီးတော့ “Aung Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုက “တိုက်ကြီး သူ/သား များဆုံစည်းရာ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ပေါင်း ၁ သောင်း ၆ ထောင်ကျော်က ပြန်လည်မျှဝေခဲ့ကြပါတယ်။ ဒီပို့စ်မှာ ဓာတ်ပုံ ၄ ပုံပါဝင်တာတွေ့ရပြီး ဝက်သားတုံးပုံ ၂ ပုံနဲ့ အဖုအပိန့်တွေနဲ့ ဖျားနာနေသူတစ်ယောက်ရဲ့ အနီးကပ်မျက်နှာပုံ နှစ်ပုံပါဝင်တာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီပုံတွေထဲက အဝတ်စိမ်းတစ်ခုခေါင်းပေါ်တင်ထားတဲ့ ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေမယ် ဆိုရင် ဒီပုံဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လထဲမှာ အင်တာနက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ […]

Continue Reading

မွတ်စလင် ပြည်လုံးကျွတ်ညီလာခံ ဖြစ်မြောက်ရေး NLD ပါတီကူညီမယ်လို့ ပြောကြား ဆိုပြီးသတင်းတုဖြန့်ဝေ

စက်တင်ဘာမှာ ကျင်းပမည့် မွတ်စလင် ပြည်လုံးကျွတ်ညီလာခံ ဖြစ်မြောက်ရေး NLD ပါတီ အားဖြည့်ကူညီမည်ဆို တဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ အစ္စလာမ်ဘာသာ ကိုးကွယ်သည့် နိုင်ငံသားမွတ်စလင်များ၏ ပြည်လုံးကျွတ်ညီလာခံကို လာမည့် စက်တင်ဘာတွင် ကျင်းပမည် ဖြစ်ပြီး ညီလာခံ ကျင်းပရေးအတွက် နေရာထိုင်ခင်းကအစ လိုအပ် သည်များကို NLD ပါတီမှ ပံ့ပိုးကူညီသွားမယ်လို့  ညီလာခံ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းကပြောတယ် လို့လည်းရေးသားထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ပြည်လုံးကျွတ် ညီလာခံ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်း ငြိမ်းချမ်း လုလင်)ကို Fact Crescendo Myanmar က တယ်လီဖုန်းက တစ်ဆင့်ဆက်သွယ်အတည်ပြုခဲ့ […]

Continue Reading

ပန်းဘဲတန်း NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဖောက်ခွဲရေးသင်တန်းတက်ခဲ့စဉ် က ဓာတ်ပုံလား- မဟုတ်ပါ

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးအရတိုက်ခိုက်မှုတွေတွေ၊ စွပ်စွဲပစ်တင်မှုတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ သတင်းတု၊ သတင်းမှာတွေ ဖြန့်ဝေမှုများပြားလာနေပါတယ်။  ဒီအထဲမှာ ၂၀၂၀ မှာ NLD ကရွေးချယ်လိုက်တဲ့ ပန်းဘဲတန်းလွှတ်တော်ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်နဲ့ ပတ်သက်တဲ့ ပို့စ်တစ်ခုလည်းပါဝင်ပါတယ်။  “မေပန်းချီ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်က အရွေးခံလိုက်ရတဲ့ စည်သူမောင်ဆိုတာ တစ်ချိန်တုန်းက အစိုးရကို မြေအောက် တော်လှန်ရေးလုပ်ခဲ့တဲ့ ဖောက်ခွဲဖျက်ဆီးရေးသမားတစ်ဦးဖြစ်ပါတယ်…အခု NLD အစိုးရက သူ့လိုလူမျိုးကို နိုင်ငံ တော်ရဲ့ အာဏာကြီး(၃)ရပ်ထဲမှာ ထဲထဲဝင်ဝင်လုပ်နိုင်ဖို့ ရွေးချယ်လိုက်ပြီးဆိုတော့ နောင်တစ်ချိန်မှာ မြန်မာ နိုင်ငံ ဟာ တူရကီနိုင်ငံလိုမျိုး ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်လဲ”စသည်ဖြင့်ရေးသား မျှဝေထားတာ တွေ့ရပြီး အခြားသူတစ်ဉီးနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံလည်းပါဝင်ပါတယ်။ ဒီဓာတ်ပုံမှာ မဲဆောက်မှာ ဖောက်ခွဲရေး သင်တန်းတက်ခဲ့စဉ်ကလို့လည်း ရေးသားထားပါတယ်။ […]

Continue Reading

၂၀၁၅ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရှင်းပြတဲ့ မဲပေးပုံ ဗွီဒီယိုကို ၂၀၂၀ ရွေးကောက်ပွဲ အတွက်ရှင်းပြတဲ့ဗွီဒီယိုအဖြစ်မျှဝေနေ

၂၀၁၅ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်မဲပေးဖို့ တိုက်တွန်းချက် ဗွီဒီယိုကို ၂၀၂၀ ရွေးကောက်ပွဲတိုက်တွန်းချက် အဖြစ်ပြန်လည်ဖော်ပြနေတဲ့ ဗွီဒီယိုပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ခုနစ်မိနစ်ကျော်ကြာမြင့်တဲ့ ဒီဗွီဒီယိုမှာ  ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ နိုင်ငံအပြောင်းအလဲအတွက် အရေးကြီးပြီး မဲပေးခွင့်ရှိသူ မဲပေးဖို့အရေးကြီးကြောင်း၊ မဲစာရင်းပါမပါစစ်ဆေးဖို့၊ ကိုယ်တိုင် မဲရုံကိုသွားမဲပေးဖို့နဲ့၊ မဲစာရွက်မှာ မှန်မှန်ကန်ကန်မဲပေးနည်းတွေကို ပြောကြားထားပြီး မဲပေးဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။   â€œGeneral Knowledge Channel”နဲ့ “The Knowledge YouTube’s Channel”တွေမှာလည်း ၂၀၂၀ ရွေးကောက်ပွဲတိုက်တွန်းချက်အဖြစ်ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ ဒီဗွီဒီယိုကို “Yu Yu Lwin”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “အမေစု ပြောတဲ့ 8 . 11 .2020 နေ့မှာ မဲးပေးမယ် ဘယ်လို ပေးရမလဲ”ဆိုပြီး […]

Continue Reading

၂၀၁၈ ခုနှစ် အလက်စကာငလျင်တုန်းကပုံတွေကို လျက်ရှိငလျင်မြင်ကွင်းအဖြစ်မျှဝေနေ

ဇူလိုင် ၂၂ ရက်က ဒေသစံတော်ချိန် ည ၁၀ နာရီဝန်းကျင်မှာ အမေရိကန်ုနိုင်ငံ အလက်စကာပြည်နယ်မှာ ပြင်းအား ၇ ဒသမ ၈ ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက်မှာ ၂၀၁၈ ခုနှစ်တုန်းက ငလျင်ကြောင့် လမ်းများပျက်စီးခဲ့ တဲ့ပုံတွေ လက်ရှိငလျင်ကပုံတွေအဖြစ် ဖေ့စ်ဘွတ် သုံးစွဲသူတွေအကြားမှာ ပြန်လည်မျှဝေနေကြတာ တွေ့ရပါတယ်။ “မြင့် ခိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “22.07.2020✔ Alaska ကမ်းလွန်ပင်လယ်ကြမ်းပြင်အောက်လှုပ်ရှား သွားခဲ့သည့် 7.8 ရစ်ခ်ျတာစကေးအဆင့် အားပြင်းငလျင်လှုပ်ရှာပြီးနောက် တွေ့ရသည့်ပျက်စီးမှုအချို့။ #Credit photo”ဆိုပြီးတော့ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link “Ko Sit”၊“Moe Chan”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေက အလားတူ မျှဝေခဲ့တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပထမဆုံး Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီးရှာဖွေမယ်ကြည့်မယ်ဆိုရင် ဒီဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ […]

Continue Reading

မန္တလေးတိုင်းဝန်ကြီးချုပ်သား မြစ်ရေစုပ်လုပ်ငန်းကြောင့် ရေကာတာကျိုးပေါက်ခဲ့ တယ်ဆိုတဲ့ သတင်းမှား

ဇူလိုင် ၁၉ ရက် ညပိုင်းမှာ အမရပူရမြို့နယ် စစ်ကိုင်း -မန္တလေး ကားလမ်းဘေး ရွှေဂဲရေဆိုးထုတ်မြောင်းကျိုး ပေါက်မှုမှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့သားကြောင့်ဖြစ်တယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန် ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ မန္တလေး၊ အမရပူရက ရေကာတာ ကျိုးပေါက်အောင် လုပ်တဲ့ အဓိက တရားခံဟာ မန်း ဝန်ကြီးချုပ်ဒေါက်ဇော်ရဲ့ သားဖြစ်ကြောင်း ဒေသခံများပြောဆို မန်းဝန်ကြီးချုပ်ရဲ့ သားဖြစ်သူဟာ ဖခင်ရဲ့ အရှိန်အဝါနဲ့ အမရပူရမြို့ကို ရေးပေးဝေရေးစီမံကိန်းကန်ထရိုက်ရယူခဲ့တယ်… အဲဒီလို လုပ်ငန်းကန်ထရိုက် ရယူပြီးတော့ အခုကျိုးသွားတဲ့ တာပေါင်းလမ်းအောက်ကနေ ၂၄လက်မ ကွန်ကရစ်ပိုက်ထိုးထည့်ပြီး ဧရာဝတီမြစ်ရေစုပ်ယူတယ်… ကြာလာတော့ ရေစုပ်ယူတဲ့နေရာကနေ မြေသားများပိုက်ဘေးက နေတိုက ်စားရာကနေ အခုလိုကျိုးပေါက်သွားတာဖြစ်ကြောင်း ဒေသခံတွေ ကပြောဆိုနေကြပါ တယ်…တခြား နိုင်ငံတွေမှာဆိုရင်တော့ အခုလိုဖြစ်ရင် […]

Continue Reading

ကျောင်းသားတွေနဲ့ အလုပ်သမားတွေကို Vivo ကုမ္ပဏီက ဖုန်းအလုံး ၂ သောင်းအခ မဲ့ပေးမယ်ဆိုတဲ့သတင်းမှား

COVID-19 ကာလမှာ ကျောင်းသားတွေနဲ့ အခြေခံအလုပ်သမားတွေကို ဖုန်းသစ်ကိုင်ဖူးတယ်ရှိအောင်လို့  Vivo ကုမ္ပဏီက ဖုန်းအလုံး ၃၂ သောင်းအခမဲ့ပေးမယ်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။ “Khoon”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက“အခြေခံအလုပ်သမားများအတွက် vivo နောက်ဆုံးလက်ဆောင်ပေးခြင်း။ vivo ကုမ္ပဏီသည် ကပ်ရောဂါကာလကြောင့် လူအများအားဖုန်းအသစ် 20,000 ပေးရန်ပြင်ဆင်နေပါပြီ။ ကျောင်းသားများနဲ့အလုပ်သမားများအတွက် အခမဲ့ vivo ဖုန်းများ vivo ဖုန်းကိုအရယူရန် ဖော်ပြပါ group ကို join ပါ။https://www.facebook.com/groups/570624103438134/permalink/914909059009635/ ယခုပို့စ်ကို ဂရု ငါးခုမှာရှဲလ်ပြီး V ဆိုပြီးမှတ်ချက်ပေးပါ မှတ်ချက်ကဏ္ဍမှာ vivo ကသတိပြုမိစေဖို့ လိုပါတယ်။ ကံထူးသူ 20,000 ကို vivo page ကနေကြေညာပေးသွားပါမယ်”ဆိုပြီး “VIVO Smart Phone တွေကိုင်ကြမယ်”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ မျှဝေထားပါတယ်။ ပေးထားတဲ့ […]

Continue Reading

ခရစ်ယာန်များကို မွတ်ဆလင်ဘာသာကူးပြောင်းရန် တူရကီသမ္မတအမိန့်ပေးဆိုတဲ့ သတင်းမှား

နိုင်ငံတွင်းရှိ ခရစ်ယာန်များကို မွတ်ဆလင်ဘာသာကူးပြောင်းရန် တူရကီသမ္မတအမိန့်ပေးဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ “သော်ဝတီ စိုးမိုး”အမည်နဲ့ “လေထန်အရပ်ကအဖြစ်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ ပို့စ်ကို screeshot ရိုက်ပြီး မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ ပို့စ်မှာ Myanmar Top News အမည်နဲ့ ယူကျူချန်နယ်တစ်ခုက သတင်းခေါင်းစဉ်တစ်ခုကိုပြန်လည်မျှဝေထားတာလည်းတွေ့ရပါတယ်။ ဒီပို့စ်မှာပါတဲ့ screenshot မှာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နောက်ပိုင်းကစပြီး တူရကီမှာရှိတဲ့ခရစ်ယာန်တွေဟာ မိမိသာသာ အသာတကြည် ဘာသာကို စွန့်လွှတ်ပြီး ဘုရားကျောင်းတွေကို အပြီးတိုင်ဖျက်သိမ်း ဗလီ အဖြစ် ပြောင်းလဲမယ်လို့ ပြည်သူတွေကို တူရကီသမ္မတက ပြောကြားခဲ့တယ်ဆိုပြီး ရေးသားထား တာတွေ့ရ ပါတယ်။ Fb link Archive link အလားတူ “Siemeeai”အမည်နဲ့​ဖေ့စ်ဘွတ်သုံးစွဲသူ ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် […]

Continue Reading

တောင်ကြီး-ဆီဆိုင်လမ်းကို ပိတ်လိုက်တယ်ဆိုတဲ့ သတင်းတု

ထိုင်းပြန် ပအိုဝ်းတွေမှာ ရောဂါအမြောက်အများဖြစ်ပွားနေတာကြောင့် တောင်ကြီး-ဆီဆိုင်လမ်းကို စတင်ပြီးပိတ်ဆို့ လိုက်ပြီဆိုတဲ့ ပို့စ်တစ်ခုလူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။ “#သတိရှိကြပါ တောင်ကြီး – ဆီဆိုင်လမ်းကို အခုကနေစတင်ပြီးပိတ်ဆို့ လိုက်ပါပြီ။ ထိုင်းပြန် ပအိုဝ်းတွေမှာ ရောဂါအမြောက်အများဖြစ်ပွား နေကြောင်းလည်းသိရပါသည်။ ပတ်ဝန်းကျင်ကိုဂရုစိုက်ပါ။ လူစိမ်းဝင်လာ လျှင်နီးစပ်ရာရဲစခန်းသို့အမြန်အကြောင်း ကြားကြပါ။***** ပအိုဝ်းဆိုလျှင်အထူးသတိထားကြ ပါ။”စသည်ဖြင့်ရေးသားပြီး “ငြိမ်း ငြိမ်း သန်း”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “တောင်ကြီး သတင်းစုံလင်”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် Google မှာ အဓိကကျတဲ့စကားလုံးတွေဖြစ်တဲ့ “တောင်ကြီး-ဆီဆိုင်လမ်းပိတ်”၊”တောင်ကြီး-ဆီဆိုင်လမ်း”စသည် ဖြင့် ရှာဖွေမယ်ဆိုရင် သတင်းဌာတစ်ခုတစ်လေမှ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဒီလိုလမ်းပိတ်လိုက်တဲ့အကြောင်း သတင်းဖော်ပြထားတာမတွေ့ရှိရသလို ဆောက်လုပ်ရေးဝန်ကြီးဌာနအပါအဝင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ချက်မျိုးမတွေ့ရှိရပါဘူး။ ဒီပို့စ်မှာပါတဲ့ ဓာတ်ပုံကို အသေအချာဆန်းစစ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက […]

Continue Reading

ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များရဲ့ သတင်းပေါက်ကြားမှုဆိုတဲ့ chat box အတု

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ထင်ယောင်ထင်မှားဖြစ်စေပြီး နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတု သတင်းမှား တွေဖန်တီးပြီး အပြန်အလှန်တိုက်ခိုက်မှု ပိုမိုများပြားလားနေပါတယ်။ သမ္မတနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်တို့ ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ ပြောဆိုမှုပေါက်ကြားဆိုတဲ့ သတင်းတု သတင်းမှားတွေ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့ပြီးနောက်မှာ ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များရဲ့ သတင်း ပေါက်ကြားမှုဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ ‎”ကျော် သီဟနိုင်‎” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မင်းကင်းမြို့နယ်ဟစ်တိုင်”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စု၊ “Kyaw Swar”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “အမေ့သားသမီးများသီးသန့်”ဖေ့စ်ဘွတ်အုပ်စုမှာ ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များရဲ့ သတင်းပေါက်ကြားမူကို အရှက်ရစဖြစ်ခဲ့ဟု နန္နလှမြင့်ဝန်ခံဆိုပြီးတော့ အောက်ပါ အတိုင်းမျှဝေထားပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်ကို Fact Crescendo Myanmar က […]

Continue Reading