မန္တလေးတိုင်းဝန်ကြီးချုပ်သား မြစ်ရေစုပ်လုပ်ငန်းကြောင့် ရေကာတာကျိုးပေါက်ခဲ့ တယ်ဆိုတဲ့ သတင်းမှား

False နိုင်ငံရေး

ဇူလိုင် ၁၉ ရက် ညပိုင်းမှာ အမရပူရမြို့နယ် စစ်ကိုင်း -မန္တလေး ကားလမ်းဘေး ရွှေဂဲရေဆိုးထုတ်မြောင်းကျိုး ပေါက်မှုမှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့သားကြောင့်ဖြစ်တယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန် ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ မန္တလေး၊ အမရပူရက ရေကာတာ ကျိုးပေါက်အောင် လုပ်တဲ့ အဓိက တရားခံဟာ မန်း ဝန်ကြီးချုပ်ဒေါက်ဇော်ရဲ့ သားဖြစ်ကြောင်း ဒေသခံများပြောဆို မန်းဝန်ကြီးချုပ်ရဲ့ သားဖြစ်သူဟာ ဖခင်ရဲ့ အရှိန်အဝါနဲ့ အမရပူရမြို့ကို ရေးပေးဝေရေးစီမံကိန်းကန်ထရိုက်ရယူခဲ့တယ်… အဲဒီလို လုပ်ငန်းကန်ထရိုက် ရယူပြီးတော့ အခုကျိုးသွားတဲ့ တာပေါင်းလမ်းအောက်ကနေ ၂၄လက်မ ကွန်ကရစ်ပိုက်ထိုးထည့်ပြီး ဧရာဝတီမြစ်ရေစုပ်ယူတယ်… ကြာလာတော့ ရေစုပ်ယူတဲ့နေရာကနေ မြေသားများပိုက်ဘေးက နေတိုက ်စားရာကနေ အခုလိုကျိုးပေါက်သွားတာဖြစ်ကြောင်း ဒေသခံတွေ ကပြောဆိုနေကြပါ တယ်…တခြား နိုင်ငံတွေမှာဆိုရင်တော့ အခုလိုဖြစ်ရင် တရားစွဲ ထောင်ချတဲ့အပြင် ဒေါ်လာသန်းချီလျှော်ရပါတယ်… ဦးပိန်တံတာမှာလည်းသူ‌ေဆာက်လုပ်‌ေရးသမီးယူထာပါသည် အ ြမန်လမ်း ပေါ်စည်မဲ့ကမ်းမဲ့မောင်းနေတာ ဒေါက်တာဇော်အာဏယူ ကားများ ြဖစ်ပါသည်ဟူ မန်လေးဒေသခံများ‌ေြပာပါ သည် ယောက်ဖက ြမ ုိ့တော်ဝန် နောက်ကတပည့်များကတော့AiDSရုပ်နဲ့ ဘုရားမသိတရားမသိတဲ့ မိုးလွင်နဲ့စိုးလွင် ြဖစ်ပါသည်ဟူသိတယ်”စသည်ဖြင့်ရေးသားထားပါတယ်။

“ဇင်မျိူးအေး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုက အခြားသူ ၂၃ ဉီးနှင့်အတူ အောက်ပါအတိုင်းမျှဝေထားတာတွေ့ရ ပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

နေပြည်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီယာယီဌာနချုပ် (ရုံးခွဲ)မှာ ဇူလိုင် ၂၁ ရက်လုပ်တဲ့ NLD ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာ မန္တလေးအမရပူရ တာရိုးကျိုးပေါက်မှုနှင့်ပတ်သက်ပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့နေမှုအပေါ် သတင်းထောက်တစ်ဦးက ဒေါက်တာဇော်မြင့်မောင်ကို မေးမြန်းခဲ့တာတွေ့ ရပါတယ်။

သားဖြစ်သူဟာ ဖခင်အရှိန်အဝါနဲ့အမရပူရမြို့ ရေပေးဝေရေးစီမံကိန်း ကန်ထရိုက်ရယူခဲ့ကြောင်း၊ ယခုကျိုးသွားတဲ့ တာပေါင်လမ်းအောက်မှ ၂၄ လက်မ ကွန်ကရစ်ပိုက်ထိုးထည့်ကာ ဧရာဝတီမြစ်ယူစုပ်ယူကြောင်း၊ အခုလို ရေစုပ် ယူတဲ့အတွက် ရေစုပ်ယူသည့်နေရာက မြေသားများ ပိုက်ဘေးမှတိုက်စား၍ ယခုကဲ့သို့ ကျိုးပေါက်သွားခြင်းဖြစ် တယ်ဆိုတဲ့ ပြောကြားချက်နဲ့ပက်သတ်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အောက်ပါ အတိုင်း ပြန်လည်တုန့်ပြန်ထားပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link1Link2

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဇူလိုင် ၁၉ ရက် ညပိုင်းမှာ အမရပူရမြို့နယ် စစ်ကိုင်း -မန္တလေး ကားလမ်းဘေး ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး ရေကာတာဘောင်ကျိုးမှုဟာ မန္တလေးတိုင်းဝန်ကြီးချုပ်သား မြစ်ရေစုပ်ယူတာနဲ့ ပတ်သက်တယ်ဆိုတဲ့အချက်အလက်ကို အချက်အလက်မှားအဖြစ်သတ်မှတ်ပါတယ်။

Avatar

Title:မန္တလေးတိုင်းဝန်ကြီးချုပ်သား မြစ်ရေစုပ်လုပ်ငန်းကြောင့် ရေကာတာကျိုးပေါက်ခဲ့ တယ်ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published.