တက္ကသိုလ် ကျောင်းသားကျောင်းသူတွေကို အင်တာနက်ဒေတာ 100 GB ပေးမယ်ဆိုတဲ့ သတင်းမှား

တက္ကသိုလ် ကျောင်းသားကျောင်းသူတွေကို အွန်လိုင်း စနစ်နဲ့ သင်ကြားမှာဖြစ်တဲ့အတွက် အင်တာနက် ဒေတာ 100 GB စီပေးမယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်မှာ “ ၁။ အဆင့်မြင့်ပညာဦးစီး ဌာန၏ (၁၆-၇-၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်သော ဗဟိုအ လုပ်အမှုဆောင် Tele-meeting အစည်းအဝေး ဆွေးနွေးညှိနှိုင်းချက်များအရ ကိုဗစ် ကပ်ရောဂါကာလာအတွင်း တက္ကသိုလ် ကျောင်းသားကျောင်းသူများ၏ ပညာသင်ယူမှူးအခွင့်အလမ်းများ မဆုံးရှုံးစေရန် Grline Teaching and Learring စနစ်ဖြင့်ဆောင်ရွက်ရန် ပါမောက္ခချုပ်များကော်မတီမှ ဇူလိုင်လ ၁၄ရက်နေ့တွင်ထုတ်ပြန်ကြေငြာခဲ့ ပါသည်။  ၂။သို့ဖြစ်ပါ၍ တက္ကသိုလ်ကျောင်းသားကျောင်းသူများ စာလေ့လာရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ကျောင်းသားတစ်ဦးချင်းစီ၏ သက်ဆိုင်ရာ ဖုန်းနံပါတ်များကိုတောင်းယူခါOnline Learning စနစ်အတွက် ကျောင်းသားတစ် ဦးလျှင် 100GB စီအား ထည့်သွင်းပေးသွားရန် […]

Continue Reading

ကမ္ဘောဒီးယားခရီးစဉ်က ဒေါ်အောင်ဆန်းစုကြည်ပုံကို အသုံးပြုပြီးဖြန့်ဝေနေတဲ့ သတင်းတုသတင်းမှား

ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘော့ဒီယားခရီးစဉ်က ဓာတ်ပုံတစ်ပုံအသုံးပြုပြီးအချက်အလက်မှားတွေ ပါဝင်တဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ “သွားလေရာ အရာရာနဲ့ အကြောင်းကြောင်း ကိုယ်မသိ ကိုယ်မတက်ရင် ငြိမ်ငြိမ်လေးနေပေါ့ အခုတော့ Cambodia နိုင်ငံက အန်ကောဝပ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုကတံခါးမှာ မြန်မာစာတွေရေးထားတာကို တွေ့ပြီး မြန်မာတွေဟာ စည်းကမ်းမရှိဘူး အပြုမူတွေက ရိုင်းစိုင်းကျတယ်ဆိုပြီး လက်ညိုးငေါက်ငေါက်ထိုး ငါးစိမ်းသည်လို အော်ငေါက်နေတာ ဘေးမှာ ပါလာတဲ့ လိုက်ပို့တဲ့ Cambodia သံအဖွဲ့တွေတောင် အံ့သြမဆုံး ဖြစ်ကုန်တယ် ပြောရမယ်ဆိုရင် တစ်ကယ့်ကို သရုပ်ပျက် အရှက်မဲ့တဲ့အပြုမူမျိုးမတင်ရွှေလုပ်နေတာကို မျက်စိနဲ့ ဒဲ့မြင်တွေ့လိုက်ရတဲ့ အိမ်ရှင်နိုင်ငံက သံံအဖွဲ့ကတော့ မျက်စိပျက် မျက်နှာပျက်နဲ့ ဖြစ်နေတဲ့အချိန် ပွဲကို အချိန်မှီ ထိန်းလိုက်တာကတော့ လိုက်ပါလာတဲ့သူတွေထဲက တစ်ယောက်က ဒီတံခါးရွက်မှာရေးထားတဲ့စာတွေ ဟာ ပေါက်ကရစာတွေမဟုတ်ပဲ ဒီဘုန်းကြီးကျောင်း ဆောက်လုပ်စဉ် […]

Continue Reading

လက်သန့်ဆေးရည်ကြောင့် လက်ဖဝါးတွေ အရေခွံတွေ လောင်ကျွမ်းနိုင်လား

လက်သန့်ဆေးရည်ကြောင့် လက်ဖဝါးတွေ အရေခွံတွေ လောင်ကျွမ်းသွားခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန် ယက်မှာသုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။  “ကိုရိုနာဗိုင်းရပ်စ်ကို အကြောင်းပြုပြီး ရောင်းနေကြသော လက်ဆေးရည်အတု ပုလင်းအန္တရာယ် သတိပြုပါ” ဆိုပြီးတော့ “Khine Myint”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုက မျှဝေထားတာဖြစ်ပါတယ်။ ဒီပို့စ်မှာ လက်ဆံဆေးရည် အတုအဖြစ် Farah အမည်နဲ့ပုလင်းပုစံလည်း ဖော်ပြထားပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် Google မှာ “farah hand sanitizer”လို့ ရိုက်ရှာမယ်ဆိုရင် ဒီအမှတ်တံဆိပ်ဟာ အိုမန်နိုင်ငံပိုင်ဆပ်ပြာမှုန်လုပ်ငန်း ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး အိုမန်ကျန်းမာရေးဝန်ကြီးဌာနရဲ့အတည်ပြုချက်ရရှိထားတယ်လို့လည်း အိုမန်အခြေစိုက် သတင်းတွေမှာ ဖော်ပြတာတွေ့ပေမဲ့ ဒီလက်သန့်ဆပ်ပြာကြောင့် ပုံမှာပြထားသလို တစ်စုံတစ်ရာထိခိုက်မှုရှိတယ်ဆိုတဲ့ သတင်းအထောက်အထားမျိုးမတွေ့ရပါဘူး။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ Link1 Link2 […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည်ပြိုင်မယ့် ဉတ္တရသီရိက ဉီးဌေးအောင်ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းတုသတင်းမှား

ရွေးကောက်ပွဲရက်တစ်ဖြေးဖြေးနီးလာတာနဲ့အမျှ တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်မှု၊ သတင်းတုသတင်းမှားရေးသား ဖြန့်ဝေမှုတွေ အရှိန်အဟုန်နဲ့ပြုလုပ်တာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် ပိုမိုနာမည်ကြီး လာခဲ့သူ Orchid ဟိုတယ်လုပ်ငန်းပိုင်ရှင် ဦးဌေးအောင်နဲ့ပတ်သက်တဲ့ သတင်းတုသတင်းမှားတွေလည်း အပါအဝင်ဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ဦးဌေးအောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ပြိုင် မယ့် ဉတ္တရသီရိ မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ ပို့စ်တစ်ခုပျံ့နှံ့လျက်ရှိပါတယ်။ ပုံနှိပ်မီဒီယာတစ်ခုမှာ ဖော်ပြထားဟန်ရှိပြီး ဦးဌေးအောင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပြိုင်ဖို့ ရွေးချယ်တာဟာ ကမ္ဘာသိဖို့ဖြစ်ပြီး နိုင်ဖို့မဟုတ်ဘူး စသည့်ဖြင့် ပြောကြားတယ်လို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်ကို အောက် ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဒီကိစ္စနဲ့ပတ်သက်ပြီး Orchid ဦးဌေးအောင်ကို Fact Crescendo Myanmar က တယ်လီဖုန်းနဲ့ဆက်သွယ် အတည်ပြုခဲ့ရာမှာ အောက်ပါအတိုင်း […]

Continue Reading

NLD သာပြန်လည်အနိုင်ရရှိခဲ့ရင် တိုင်းပြည်အန္တရာယ်ရှိတယ်လို့ ဒေါက်တာသက်သက်ခိုင် ဝေဖန်ခဲ့တယ်ဆိုတာမဟုတ်ပါ

“၂၀၂၀ မှာသာ NLD သာပြန်လည်အနိုင်ရရှိခဲ့ရင် တိုင်းပြည်အန္တရာယ်ဟာ အလွန်ကြောက်စရာကောင်းပါ တယ်”လို့ ဒေါက်တာသက်သက်ခိုင်ပုံနဲ့ ဓာတ်ပုံပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိပါတယ်။ “လင်းလင်း”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်း မျှဝေထားပါတယ်။  Fb link Archive link လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ဒီကိစ္စနဲ့ ပြန်ရှင်းလင်းဖူးပါတယ်။ အချက်အလက်စိစစ်ချက် သူရိယနေဝန်းဂျာနယ်မှာပါတဲ့ ရေးသားချက်တွေဟာ သူ့အနေနဲ့ တစ်ကြိမ်တစ်ခါမျှ ပြောဆိုခဲ့ဖူးခြင်း မရှိဘူးသလို ဘယ်မီဒီယာကိုမှ ပြောဆိုခဲ့ခြင်းမရှိတဲ့အတွက် ပြန်လည်ရှင်းလင်းဖို့ ဒေါက်တာသက်သက်ခိုင်က ၂၀၁၈ စက်တင်ဘာ ၂၂ ထုတ် ကြေးမုံသတင်းစာမှာထည့်သွင်းကြော်ငြာခဲ့ပြီးနောက်မှာ သူရိယနေဝန်းဂျာနယ် ကလည်း စက်တင်ဘာ ၂၆ ထုတ် ကြေးမုံသတင်းစာမှာ International Social Media Network က တစ်ဆင့် ကူးယူ ဖော်ပြခဲ့မိခြင်းဖြစ်ပြီး သတင်းမှားဖြစ်ကြောင်း ပြန်လည် ဖြေရှင်းခဲ့ တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်တွေမှာ […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည်ကဟာ ဉတ္တရသီရိမဲဆန္ဒနယ်ကဝင်ပြိုင်မယ်ဆိုတာ မဟုတ်ပါ

ဒေါ်အောင်ဆန်းစုကြည်ကဟာ နေပြည်တော် ဉတ္တရသီရိမဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်သွားမယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့လျက်ရှိပါတယ်။ “ဝန်ထမ်း အများဆုံးနေထိုင်သည့် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစု​ကြည် ရွေးကောက်ပွဲဝင်မည်”စသည်ဖြင့် ရေးသားပြီး “မင်းသူ မင်းသူ”အမည်နဲ့ ဖေ့စ့်ဘွတ်သုံးစွဲသူက “Aung San Suu Kyi☑”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားပါတယ်။  Fb link Archive link “Yangon Nation”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း အလားတူမျှဝေထားပြီး လွှတ်တော်ကိုယ်စားလှယ် “MP Maung Myint”ရဲ့အကောင့်မှာလည်း မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင် ဉီးကြည်တိုးကလည်း အောက်ပါအတိုင်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့်အသိပေးထားတာတွေ့ရပါတယ်။ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းစိစစ်ရွေးချယ်ခြင်းလုပ်ငန်းစဉ်ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါသည်။မည်သူမည်သည့်မဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသည့်သတင်းများထွက်ပေါ်နေခြင်းမှာမဟုတ်မှန်ပါ။စိစစ်ရွေးချယ်ခြင်းပြီးဆုံးချိန်မှသာအဖွဲ့ချုပ်ကိုယ်စားပြုကိုယ်စားလှယ်လောင်းစာရင်းကိုတရားဝင်ထုတ်ပြန်သွားမည်ဖြစ်ပါသည်”လို့ ဉီးကြည်တိုးက ရေးသားထားပါတယ်။ ဒီလိုဒေါ်အောင်ဆန်းစုကြည် ဉတ္တရသီရီမဲဆန္ဒနယ်က ဝင်ပြိုင်မယ်လို့ ဒေါက်တာမျိုးညွှန့်ကပြောခဲ့တယ်လို့လည်း ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာပါဝင်ပါတယ်။ဒီအချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ အတွင်းရေးမှူး […]

Continue Reading

မန္တလေးတိုင်းဝန်ကြီးချုပ်ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ ပြောဆိုမှုပေါက်ကြားဆိုတဲ့ သတင်းတု

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ ပြောထားတဲ့ စကားတွေ ပေါက်ကြားလာတယ်ဆိုတဲ့ စကားပြောခန်းတွေကို screenshots ရိုက်ထားတဲ့ ပို့စ်တစ်ခု လူမှုကွန် ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ နိုင်ငံတော်သမ္မတနဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ စကားပြောခန်းလို့ ယူဆရ ဖွယ်ရှိပြီး “သမ္မတကြီး”လို့ယူဆရတဲ့စကားလုံးကိုတော့ ပျံ့နှံ့လျက်ရှိတဲ့ screenshot တွေမှာ ဖျက်ထားတာတွေ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မွတ်ဆလင် အမတ် ၂၀ ရာခိုင်နှုန်းပါအောင်လုပ်ဖို့ စေခိုင်းထားတဲ့အကြောင်းတွေ လည်းပါဝင်ပါတယ်။ ဒီ screenshots ဓာတ်ပုံတွေကို “ရွှေခီး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူနဲ့ “သူမသိစေချင်ဘူး”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link “လူထုဟစ်တိုင်”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း အထက်ပါ screenshots ကိုအလားတူမျှဝေထား တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် […]

Continue Reading

ဒီအစားအသောက်နှစ်ခုအတူစားမိရင်သေတယ်ဆိုတာ မဟုတ်ပါ

အစားအသောက်နှစ်ခုအတူစားမိရင်သေစေတယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့မှု အားကောင်းခဲ့ပါတယ်။  “သတိ နဂါးမောက်သီး + ချဉ်စော်ခါးသီး = သေ shareထားလိုက်တန်ဖိုးရှိတယ် နဂါးမောက်သီး + ပိန်းနဲသီး = သေ နဂါးမောက်သီး + ကြက်ဥ = သေ နွားနို့ + မှို = သေ မင်းကွတ်သီး + သကြား = သေ ရေခဲမုန့် + ချင်းသုပ် = သေ လက်ဖက် + ကျွဲခေါင်းသီး = သေ အမဲသား + ခရု = သေ ဂွေးသီး + အာတာလွတ် = သေ နို့ဆီ + ကိုးပါးဆေး […]

Continue Reading

နေပြည်တော် ဒက္ခိဏသီရိက NLD ပါတီဝင်အကုန်လုံးနှုတ်ထွက်သွားတယ်ဆိုတဲ့ သတင်းတု သတင်းမှား

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အကုန် NLD ပါတီမှ နှုတ်ထွက်ပြီ USDP ပြည်ခိုင်ဖြိုးပါတီထဲဝင်ရောက်ကုန် တယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အကုန် NLD ပါတီမှ နှုတ်ထွက်ပြီ USDP ပြည်ခိုင်ဖြိုး ပါတီထဲဝင်ရောက်ကုန်ပါပြီ မြေပြင်အခြေအနေမှန်”လို့ ရေးသားထားပြီး “Min Zaw”အမည် ဖေ့စ်ဘွတ်အသုံးပြုသူက “NLD မပါသောညွန့်ပေါင်းအစိုးရ လိုလားသူများ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒက္ခိဏသီရိမြို့နယ်မြို့နယ်ဉက္ကဌလည်းဖြစ်ပြီး လက်ရှိ ဒက္ခိဏသီရိ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဉီးသန့်စင်ထွန်းကို Fact Crescendo Myanmar က ပါတီဝင်တွေနှုတ်ထွက်တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်အတည်ပြုရာမှာ အောက်ပါအတိုင်းပြောပါတယ်။ “မဟုတ်ပါဘူး ခင်ဗျ။ အဲလိုမရှိပါဘူး။ […]

Continue Reading

ဆယ်တန်းအောင်စာရင်း ထွက်မယ်ရက်နဲ့ပတ်သက်တဲ့ သတင်းမှားများ

COVID-19 ကပ်ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အစီအမံတွေကြောင့် ရပ်နားခဲ့ရတဲ့ လုပ်ငန်း တွေထဲမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာစစ်ဆေးမှုလည်းပါဝင်ပြီး အောင်စာရင်းထွက်မယ်ရက်မှာလည်း မရေရာမှုတွေ ရှိခဲ့ပါတယ်။ “ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများသည် ဇူလိုင်လ(၁၈)ရက်နေ့ တွင် ထုတ်ပြန်ကြေငြာမည်ဖြစ်သည်”ဆိုပြီး “YG Burmese”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဇူလိုင် ၁၂ က မျှဝေ ထားပါတယ်။ ဒီ “YG Burmese”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖော်ပြခဲ့တဲ့ ၂၀၂၀ ဆယ်တန်းအောင်စာရင်း ထွက်မယ့်ရက်ဖော်ပြခဲ့တဲ့ပို့စ်ဟာ ဇွန်လထဲမှာလည်း လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဇွန် ၁၂ ရက်က ပညာရေးဝန်ကြီးဌာနရဲ့ ၄ နှစ်မြောက် ၁ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်များ နဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး […]

Continue Reading