ရန်ကုန်ဆေးရုံကြီးမှာ ကိုရိုနာ ရောဂါကူးစက်ခံရသူ (၃၃)ယောက်ရှိပြီလို့ပြောလာတဲ့ အသံဖိုင်သတင်းမှား

“ရန်ကုန်ဆေးရုံကြီးမှာတင် ၃၃ ရှိနေပြီ ဒါပေမဲ့ အစိုးရအဖွဲ့က တိုင်ပင်ပြီးတော့မှ အများကြီး တခါတည်း ကြေညာလိုက်ရင်လို့ရှိရင် panic buying တွေ အကုန်ဒုက္ခရောက်ကုန်မှာစိုးလို့ ဒီနှစ်ယောက်က စဖော်မယ်ဆိုပြီးတော့မှ ပြောတယ်နော်။ အဲတော့ ရှိနေတာက ၃၃ ယောက် နည်းနည်းချင်း နည်းနည်းချင်းစီ စဖော်မယ်ဆိုပြီးတော့မှ ပြောသွားတယ်နော်”ဆိုပြီး အမျိုးသမီးတစ်ယောက်ပြောကြားထားတဲ့အသံဖိုင် တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။၂၁ စက္ကန့်ရှည်လျားတဲ့ ဒီအသံဖိုင်ကို ဘယ်သူက စတင်လိုက်တယ်ဆိုတာတော့ မသိရပါဘူး။ Herry Ye အမည်နဲ့အကောင့်က ဒီအသံဖိုင်ကို မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link pro7media အမည်နဲ့ ဝက်ဆိုဒ်ကလည်း ပြန်လည်ဖော်ပြထားတာတွေ့ရပါတယ်။ Link Archive link အချက်အလက်စိစစ်ချက် မတ် […]

Continue Reading

NLD နဲ့ မွတ်ဆလင်များကိုဝေဖန်သူတွေကို ဒေါ်အောင်ဆန်းစုကြည်ဖမ်းခိုင်းဆိုတဲ့ သတင်းမှား

ဒေါ်အောင်ဆန်းစုကြည်၏ အမိန့်ပေးစေခိုင်းချက်အရ NLD အစိုးရနှင့် မွတ်ဆလာမ်ဘာသာဝင်များကို တိုက်ခိုက်ရေးသားပြောဆိုသော သူတွေကို ၂၉၅ က ၅၀၅ ပုဒ်မတွေဖြင့် အမှုဖွင့်ထောင်ချဖို့ အမိန့်ပေးထားတယ်လို့ သမ္မတရုံးဝန်ကြီး ဥ◌ီးဇော်ဌေးကပြောကြားတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ ဖြန့်ဝေနေပါတယ်။ ဦးကြီးဇော်အမည်နဲ့ အကောင့်က အောက်ပါအတိုင်းရှယ်ထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ၁။ အစ္စလာမ်ဘာသာရေးခေါင်းဆောင်းတစ်ယောက်ဖြစ်တဲ့ ဦးအေးလွင်က ဒီလိုညွှန်ကြားထားတာမရှိဘူးလို့ Fact Crescendo ကိုအတည်ပြုပါတယ်။ မကြာခဏစွပ်စွဲ ပြောခံရမှုတွေရှိပြီး အခုနောက်ပိုင်း အစ္စလာမ်ဘာသာ ရေးနဲ့ ပတ်သက်တဲ့ပွဲတော်တွေမှာ NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်တာမရှိ တော့ဘဲ ခပ်ကင်းကင်းနေတယ်လို့ သူကပြောပါတယ်။ ၂။ ဦးဇော်ဌေးဟာ သမ္မတရုံးဝန်ကြီးမဟုတ်ဘဲ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ချုပ်ဖြစ်ပါတယ်။ ဒီသတင်းမှာ သမ္မတရုံးဝန်ကြီးဆိုပြီးရေးထားပါတယ်။ စကားလုံးအမှားတွေလည်း တွေ့ရပါတယ်။ ၃။ […]

Continue Reading