တောင်ကြီး-ဆီဆိုင်လမ်းကို ပိတ်လိုက်တယ်ဆိုတဲ့ သတင်းတု
ထိုင်းပြန် ပအိုဝ်းတွေမှာ ရောဂါအမြောက်အများဖြစ်ပွားနေတာကြောင့် တောင်ကြီး-ဆီဆိုင်လမ်းကို စတင်ပြီးပိတ်ဆို့ လိုက်ပြီဆိုတဲ့ ပို့စ်တစ်ခုလူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။ “#သတိရှိကြပါ တောင်ကြီး – ဆီဆိုင်လမ်းကို အခုကနေစတင်ပြီးပိတ်ဆို့ လိုက်ပါပြီ။ ထိုင်းပြန် ပအိုဝ်းတွေမှာ ရောဂါအမြောက်အများဖြစ်ပွား နေကြောင်းလည်းသိရပါသည်။ ပတ်ဝန်းကျင်ကိုဂရုစိုက်ပါ။ လူစိမ်းဝင်လာ လျှင်နီးစပ်ရာရဲစခန်းသို့အမြန်အကြောင်း ကြားကြပါ။***** ပအိုဝ်းဆိုလျှင်အထူးသတိထားကြ ပါ။”စသည်ဖြင့်ရေးသားပြီး “ငြိမ်း ငြိမ်း သန်း”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “တောင်ကြီး သတင်းစုံလင်”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် Google မှာ အဓိကကျတဲ့စကားလုံးတွေဖြစ်တဲ့ “တောင်ကြီး-ဆီဆိုင်လမ်းပိတ်”၊”တောင်ကြီး-ဆီဆိုင်လမ်း”စသည် ဖြင့် ရှာဖွေမယ်ဆိုရင် သတင်းဌာတစ်ခုတစ်လေမှ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဒီလိုလမ်းပိတ်လိုက်တဲ့အကြောင်း သတင်းဖော်ပြထားတာမတွေ့ရှိရသလို ဆောက်လုပ်ရေးဝန်ကြီးဌာနအပါအဝင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ချက်မျိုးမတွေ့ရှိရပါဘူး။ ဒီပို့စ်မှာပါတဲ့ ဓာတ်ပုံကို အသေအချာဆန်းစစ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက […]
Continue Reading