Fact Check: မန္တလေးလိုင်စင်ရုံးမှာဗုံးဖောက်သွားသူဓာတ်ပုံလား-မဟုတ်ပါ
ကုန်းလမ်းပို့ဆောင်မှုညွှန်ကြားရေးရုံး(ကညန)မှာ ဗုံးခွဲသွားတဲ့သူရဲ့ CCTV ကရရှိတဲ့ မှတ်တမ်းဓာတ်ပုံဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းကပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဒီလိုမျှဝေမှုဟာ မန္တလေး ကညနရုံးဗုံးပေါက်ကွဲမှုအဖြစ်အပျက်အပြီးမှာပေါ်ထွက်လာခြင်းဖြစ်ပါတယ်။ သို့သော်ဓာတ်ပုံဟာ အမေရိကန်ရုပ်သံဇာတ်လမ်း ရုပ်ရှင်မြင်ကွင်းတစ်ခုဖြစ်ပါတယ်။ “ကညန လိုင်စင်ရုံးမှာဗုံးဖောက်သွား သူရဲ့ပုံကို CCTV မှာ မိထားလိုက်ပါတယ်။ အမြန်ရှောင်ပါ… နီးစပ်ရာမှာ တွေ့ရင် အကြောင်းကြားပေးဖို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှာ ဝရမ်းထုတ်ထားတယ်လို့လည်းသိရပါတယ်။ ရုရှားနိုင်ငံမှာ စစ်ပညာသင်ကြားဖူးပြီးတော့ ယခု CDM လုပ်ထားတယ်လို့သိရပါတယ်။ မြန်မာပြည်မှာ ဆောင်းစစ်သည်အမည်နဲ့ လှုပ်ရှား ဦးဆောင်နေသူဖြစ်ပါတယ်။ သူ့မှာထင်ရှားတဲ့အမှတ်သားအနေနဲ့ လက်မောင်းမှာ ကြယ်အနီရောင်တတ်တူးထိုးထားတယ်လို့လည်းသိရပါတယ်။”လို့ရေးသားပြီး “SHMU”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်တိုဘာ ၂၇ ရက်က ဓာတ်ပုံနဲ့အတူ မျှဝေထားရာမှာ ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁၇၀၀ ရှိပါတယ်။ တူညီစွာရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – […]
Continue Reading