Fact Check: ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Toyota ကုမ္ပဏီက Toyota Hilux ကားသစ်တွေ ပေးနေတယ်ဆိုတဲ့ သတင်းမှား

ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Toyota ကုမ္ပဏီက Toyota Hilux ကားသစ်တွေ ပေးနေတယ်လို့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ယခုအချိန်အထိ 498 မှလွဲ၍ အခြားနံပါတ်ကို မည်သူမျှ မတွေ့ရသေးသော်လည်း 2024 Toyota Hilux တွင် ဆွတ်ခူးနိုင်သည့် တိုယိုတာ ၁၀ စီး ကျန်ရှိနေသေးသည်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် မြန်မာနိုင်ငံက တိုယိုတာဖြန့်ချိနေတဲ့ ကုမ္ပဏီအပါအဝင် တိုယိုတာကုမ္ပဏီရုံးချုပ်အနေနဲ့လည်း ဒီလိုကြေညာ ချက်မရှိပါဘူး။  အခုလို ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Toyota ကုမ္ပဏီက Toyota Hilux ကားသစ်တွေ ပေးနေတယ်ဆိုတဲ့ စာမျက်နှာဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်(ဇူလိုင် ၁၉) […]

Continue Reading

Fact Check: ပဟေဠိဖြေဆိုသူကို ဆမ်ဆောင်းဖုန်း၊တိုယိုတာကား လက်ဆောင်ပေး တယ်ဆိုတာ လိမ်လည်လှည့်စားမှုသာဖြစ်တယ်

ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို ဆမ်ဆောင်း(Samsung)က ဖုန်းတွေလက်ဆောင်ပေးနေတယ်၊ တိုယိုတာ(Toyota)က ကားလက်ဆောင်ပေးနေတယ်ဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တွေဟာ လိမ်လည်လှည့်စားမှုသာဖြစ်တယ်။ မြန်မာဘာသာအသုံးပြုသူတွေအကြား ပျံ့နှံ့လျှက်ရှိတဲ့ ပိုစ့်မှာ အင်္ဂလိပ် ဂဏန်းတွေကို ပြသထားပြီး အခြားမတူတဲ့ ဂဏန်းတွေကို တွေ့သူတွေအနေနဲ့ အံ့အားသင့်စရာ လက်ဆောင် ရရှိမယ်ဆို ပြီးတော့ နောက်ဆုံးပေါ် ဆမ်ဆောင်းဖုန်း၊ တိုယိုတာကားဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။ အောက်ပါဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ရဲ့ စခရင်ရှော့ဖြစ်တယ်။ Samsung အမှတ်တံဆိပ်နဲ့ အတူ ဖေ့စ်ဘွတ်စာမျက်နှာက အင်္ဂလိပ်ဂဏန်း 86 တွေထဲမှ မတူတဲ့ ဂဏန်းကိုရှာတွေ့တဲ့သူတွေဟာ အ‌ပေါ်မှာ ပြသထားတဲ့ ဆမ်ဆောင်ဖုန်းကို ရရှိမှာဖြစ်ကြောင်း ပြောဆိုထားရာ ဒီပို့စ်ကို ၂ ရက်အတွင်း ပြန်လည်မျှဝေမှု‌ပေါင်း ၂၁၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link | […]

Continue Reading