Fact Check: အစိုးရ ဒီထက်လိုလာရင် တပ်ကို ထုတ်သုံးရမယ်လို့ ဦးခင်ရီပြောခဲ့သလား

အစိုးရအနေနဲ့ ဆေးရုံနဲ့မဲရုံ ဘယ်ဟာပိုအရေးကြီးနေလည်း ဒီထက်လွန်လာရင် တပ်ကိုသုံးရလိမ့်မယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌဦးခင်ရီသတိပေးဆို့တဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာပြန့်နှံ့နေတာတွေ့ရပါတယ်။ ဦးခင်ရီပုံမှာ “အစိုးရအနေနဲ့ ဆေးရုံနဲ့မဲရုံ ဘယ်ဟာပိုအရေးကြီးနေလည်း ဒီထက်လွန်လာရင် တပ်ကိုသုံးရလိမ့်မယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌဦးခင်ရီသတိပေး”ဆိုတဲ့ စာသားကိုထည့်သွင်းထားတဲ့ ဓာတ်ပုံနဲ့အတူ ဦးခင်ရီကို ပုတ်ခတ်တဲ့ စာတွေရေးသားပြီးပို့စ်တင်နေတာကိုတွေ့ရပါတယ်။ ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်ဟာ သတင်းမှားဖြစ်တာ တွေ့ရှိရပါတယ်။ မူရင်းလင်ခ့် – FB Link | Archive Link အချက်အလက်စိစစ်ချက် Google မှာ “အစိုးရအနေနဲ့ မဲရုံနဲ့ဆေးရုံ ဘယ်ဟာကပိုအရေးကြီးနေလဲ”၊ “ဒီထက်လွန်လာရင် တပ်ကိုသုံးရလိမ့်မယ်”စတဲ့အဓိကကျတဲ့စကားလုံးတွေအသုံးပြုပြီး သတင်းဌာနတစ်ချို့မှာဖော်ပြချက်ရှိ မရှိရှာဖွေရာမှာ တစ်စုံတစ်ရာဖော်ပြချက် မတွေ့ရှိရပါဘူး။  ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့တိုက်တွန်းထားတဲ့ ဉီးခင်ရီရဲ့ ပြောကြားချက်ဗွီဒီယိုဖိုင်ကို အကုန်သိသတင်းဌာနက ဖော်ပြထားတာတွေ့ရပါတယ်။ သို့သော်လည်း ၁၁ မိနစ်ကျော်ကြာတဲ့ ဒီဗွီဒီယိုဖိုင်မှာလည်း ဦးခင်ရီက အထက်ပါပို့စ်တွေမှာပြောကြားခဲ့သလို […]

Continue Reading