ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေ ပြည်သူပိုင်ငွေ မခိုးဖူးသူမရှိဘူးလို့ အမတ်ဦးစိုးသိန်း ပြောဆိုတဲ့ သတင်းတု

“ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တိုင်း ပြည်သူပိုင်ငွေ မခိုးဖူးသူမရှိသောကြောင့် ရှက်စရာကြောက်စရာ မလိုဟု အမတ်ဦးစိုးသိန်း ပြောဆို”လို့ခေါင်းစဉ်တပ်ထားပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း မီဒီယာတွေကိုစကားပြောနေဟန်နဲ့ screenshot တစ်ခု ဖေ့စ်ဘွတ် သုံးစွဲသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ “Current Affiars”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ Justin Trvol အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပြီး ၂၄ နာရီအတွင်းမှာ လူမှုကွန်ယက်သုံးစွဲသူ ၁ ထောင်ကျော်က ပြန်လည်မျှဝေခဲ့ကြပါတယ်။ Link Archive link Eleven မီဒီယာတံဆိပ်ကို မျှဝေထားတဲ့ screenshot မှာတွေ့မြင်ရပါတယ်။ အမှန်တကယ်ပဲ လွှတ်တော် ကိုယ်စားလှယ်ဦးစိုးသိန်းက ပြောခဲ့ပါသလား။ အချက်အလက်စိစစ်ကြည့်ရအောင်။ အချက်အလက်စိစစ်ချက်  ပထမဆုံး အလဲဗင်းသတင်းဌာနရဲ့ ဗွီဒီယိုဝက်ဘ်ဆိုဒ်မှာ အခုဗွီဒီယိုနဲ့အလားသဏ္ဌာန်တူတဲ့ ဗွီဒီယိုရှာဖွေရာမှာ  ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းရဲ့ “ဒီဖွဲ့စည်းပုံက […]

Continue Reading