ယာဉ်မတော်တဆမှုကို ထိုင်းစစ်တပ်က ခိုးဝင်မြန်မာတွေ ပစ်သတ်မှုအဖြစ် ဖော်ပြနေ
ထိုင်းစစ်တပ်က ခိုးဝင်မြန်မာတွေ ပစ်သတ်မှုအဖြစ် ဖော်ပြနေတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေ အကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ထိုင်းထဲကို…ခိုးဝင်မလာကြပါနဲ့…ပစ်မိန့်လည်းထုတ်ထားပြီပြီ…အသိနဲ့သတိရှိပါ จากเหตุการณ์เมื่อวาน รถกะบะบรรทุกคนชาวกาฬสินธุ์มาจากเที่ยวคำชโนด อ.บ้านดุง #หลับในพุ่งชนต้นไม้ อ.ไชยวาน ช่วงนี้มีรายงานเสียชีวิตเพิ่มเป็น3ราย..เสียใจด้วยน่ะคับ”လို့ ရေးသားထားပြီး ကားလမ်းဘေး လယ်ကွင်းပြင်တစ်ခုက မြေပြင်မှာ အတုံးအရှုံးလဲနေတဲ့ လူတွေနဲ့ သစ်ပင်တစ်ပင်ကို တိုက်မိပြီး ခေါင်းကြေ သွားတဲ့ကားတစ်စီးနဲ့ ကယ်ဆယ်ရေးလုပ်သားတွေလည်း ပါဝင်ပါတယ်။ “ဆူးရဲ့ဒဏ်ရာများနဲ့ သူ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Archive link အလားတူ “KO Kyaw Gyi” နဲ့ “မချစ်စု ငွေလွှဲ ကောင်တာ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုတွေကလည်း မျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပါတဲ့ ထိုင်းစာကို ဖေ့စ်ဘွတ်ရဲ့ ဘာသာပြန်ဆိုချက်ကို နှိပ်ကြည့်လိုက်တဲ့အခါမှာအောက်ပါ အတိုင်းတွေ့ ရပါတယ်။ မြန်မာဘာသာနဲ့ရေးသားချက်မှာ ထိုင်းကို ခိုးဝင်လာတဲ့သူတွေကို […]
Continue Reading