Fact Check: ရွေးကောက်ပွဲမှာ NLD နိုင်ရဖို့ မဲရုံမှုးတွေ ဉပဒေတွေချိုး ဖောက်ပြီး ဘက်လိုက်ခဲ့ကြောင်း UEC အဖွဲ့ဝင် ဦးမြင့်နိုင်ဝန်ခံတယ်လို့ သတင်းတုဖြန့်
ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနိုင်ရဖို့အတွက်မဲရုံမှုးတွေက ဉပဒေချိုးဖောက် ဘက်လိုက်ဆောင်ရွက်ခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အဖွဲ့ဝင် ဦးမြင့်နိုင်ကဝန်ခံလိုက် တယ်ဆိုပြီး တော့ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကိုလူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းဝန်းကျင်က ပြန်လည်မျှဝေထားပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ UEC အဖွဲ့ဝင် ဦးမြင့်နိုင်ဓာတ်ပုံနှင့်အတူ NLD ပါတီကို အနိုင်ရစေလိုတဲ့ အတွက် မဲရုံမှူးတွေက တစ်ယောက်ထဲကနေ မဲနှစ်ကြိမ်ပေးခိုင်းတာ၊ မှတ်ပုံတင်မရှိသူ၊ သေဆုံးပြီးသူများကို မဲပေးခိုင်းတာ၊ အသက် (၁၈) နှစ်မပြည့်သေးသူကို မဲပေးခိုင်းတာ၊ NLD ပါတီကိုမဲပေးရင် ပယ်မဲဖြစ်သည့်တိုင် ပယ်မဲမလုပ်တာ၊ မဲရုံပိတ်ချိန် နောက်ပိုင်း မဲများပေးခိုင်းတာတွေ လုပ်ဆောင်ပေးခဲ့တာမှန်ကန်ကြောင်း UEC တွင်း/မှူး ဦးမြင့်နိုင်မှ ဝန်ခံ ပြောကြားလိုက်တယ်လို့ ရေးသားမျှဝေထားခြင်းဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကိုအောက်ပါအတိုင်းတွေ့ ရ ပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း အလားတူ […]
Continue Reading