Fact Check: ပြည်ပက ကြိုတင်မဲအရည်အတွက် သိရပြီလား
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ မဲပေးထားတဲ့ ကြိုတင်မဲ အရေအတွက်တွေနဲ့ပတ်သက်တဲ့ကိန်းဂဏန်းအဖြစ် လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ထိုင်းကြိုတင်မဲ၊ ကိုရီးယားကြိုတင်မဲ၊ ဘရှုနိုင်ကြိုတင်မဲစသည်ဖြင့် နိုင်ငံအသီးသီးက ကြိုတင်မဲရလာဒ်တွေအဖြစ်ဖော်ပြနေတာတွေ့ရပါတယ်။ ဒီအချက်အလက်ဟာ အချက်အလက်မှားဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ လက်ရှိအချိန်(အောက်တိုဘာ ၈ ရက်နေ့)အထိ နိုင်ငံရပ်ခြားရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေဟာ ဆန္ဒမဲပေးခြင်းပြီးဆုံးခြင်းမရှိသေးသလို ကြိုတင်မဲဆန္ဒပြုထားတဲ့ စာအိတ်ဟာ သံရုံးတွေမှာ ဖွင့်ဖောက် ရေတွက်မှာမဟုတ်ဘဲ သက်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေထံ ရောက်ရှိသွားမှာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို ထင်ယောင်ထင်မှားဖြစ်စေတဲ့ ဒီအချက်အလက်တွေကို “ဒီအတိုင်းသာ မှန်လို့ကတော့ ၂၀၂၀မှာ မွှေစိန်မ သား/သမီးတွေ ခွက်ပျောက်ပြီမှတ်။ crd#”စသည့်ဖြင့် ရေးသားပြီး ပြည်ပကြိုတင်မဲစုစုပေါင်းနဲ့ နိုင်ငံအလိုက်ရရှိတဲ့ကြိုတင်မဲ အရေအတွက်အဖြစ် Screenshotရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ ပို့စ်တင်ထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် –FB Link | Archive Link အချက်အလက်စိစစ်ချက် […]
Continue Reading