Fact Check: ဗြိတန်မှာ ၆.၇ ပမာဏငလျင်ကြောင့် လူတွေပြေးလွှားနေတဲ့ ဗွီဒီယိုလား-မဟုတ်ပါ
ဗြိတိန်နိုင်ငံမှာ အင်အား ၆.၇ ပမာဏရှိ ငလျင်ကြောင့် လူတွေပြေးလွှားနေတဲ့ ဗွီဒီယိုဆိုပြီးတော့ ဗွီဒီယိုတခု တစ်တော့နဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှားသာဖြစ်တယ်။ ဗွီဒီယိုဟာ ၂၀၂၃ ခုနှစ်အတွင်းက အီကွေဒေါနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တခုဖြစ်တာတွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “ဗြိတိန်နိုင်ငံ UK လန်ဒန်မြို့မှာ ပြင်းအား 6.7 အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ပါတယ် 5/4/2025 #နေဖုန်းခ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီမြင်ကွင်းဟာ ၂၀၂၃ ခုနှစ်အတွင်းက အီကွေဒေါနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်အတွင်းက မြင်ကွင်းဖြစ်တာတွေ့ရပါတယ်။ “ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် […]
Continue Reading