ကိုဗစ်နိုင်တင်းကြောင့် ရွေးကောက်ပွဲမလုပ်တော့ဘူးဆိုတဲ့ သတင်းအမှား
လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်နိုင်တင်းရောဂါကြောင့် နိုင်ဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမဲ့ရွေးကောက်ပွဲကို မကျင်းပတော့ဘူးဆိုတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြန့်နှံ့နေတာတွေ့ရပါတယ်။ အဲ့ဒီပို့စ်မှာ “ကိုမြင့်နိုင်(Covid-19) လုပ်ရက်ကြောင့် ရွေးကောက်ပွဲ မလုပ်ဖြစ်တော့ပါ လက်ရှိ့ NLD အစိုးရပဲ အုပ်ချုပ်ခွင့် ပြုလိုက်ပီး သဘောတူလား ဘော်ဒါတို့ရေ”လို့ရေးသားထားတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် အထက်ပါရွေးကောက်ပွဲ မလုပ်တော့ဘူးဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို တာဝန်ယူဦးစီးကျင်ပပေးရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမဲ့နိုင်ဝင်ဘာ ၈ရက် ရွေးကောက်ပွဲကို ရပ်ဆိုင်းတာ၊ ရက်ရွှေ့တာစသဖြင့် တစ်စုံတရာကြေငြာတာမျိုး မရှိသေးပါဘူး။ UEC FB Link UEC Web Link ဒါအပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း စက်တင်ဘာလ ၁၅ ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုဖြစ်တဲ့ Chair NLDပေ့ချ်ကနေ “ပြည်သူသို့ […]
Continue Reading