Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် လွတ်ပြီး နေအိမ်ပြန်ရောက် သတင်းခေါင်းစဉ်တုနဲ့ သတင်းမှား ဖြန့်ဝေ

စစ်ကောင်စီ က မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွတ်ပြီး နေအိမ်သို့ ပြန်ရောက်နေပြီလို့ ခေတ်သစ်သတင်းဌာနက အတည်ပြု ကြေညာခဲ့တယ်ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့သတင်းတစ်ပုဒ် လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံခဲ့ပါတယ်။ သတင်း‌ခေါင်းစဉ်တုအသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်သတင်းကို ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “ အမေစုနဲ့သမ္မတကြီးလွတ်ပြီးနေအိမ်ပြန်ရောက်နေပြီလို့ ခေတ်သစ်အတည်ပြုကြေညာ”လို့ရေးသားပြီး “ Thearith Ñøçh ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊နဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၄ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်မှာ စစ်ကောင်စီက မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွတ်ပြီး နေအိမ်ပြန်ရောက်နေပြီဆိုတဲ့ […]

Continue Reading