နေ့စားခအပြည့်မရတဲ့အတွက် ပြည်ခိုင်ဖြိုးဆိုင်းဘုတ်တွေ ဖြုတ်ချခံရတယ်ဆိုတဲ့ သတင်းတု

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေစတင်ခဲ့မှုနဲ့အတူ ပါတီအသီးသီးက ရွေးကောက်ပွဲ စည်းရုံးမှုအဖြစ် ကိုယ်စားလှယ်လောင်းဆိုင်းဘုတ် စိုက်ထူမှုတွေ အပြိုင်ဆိုင်ဆောင်ရွက်ချိန် လည်းဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ဝန်းသိုမှာဖြစ်သွားတာတဲ့ နေ့စားခပေးတာ နည်းလို့ဆိုပြီး ဆိုင်းဘုတ်ကြီး တွန်းလှဲပစ်ကြ တာ” ဆိုပြီးတော့ “‎Kaung Myat Hmue Eain‎”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “ပြည်ခိုင်ဖြိုးပါတီချစ်သူများ USDP GROUP”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ အောက်ပါ အတိုင်းမျှဝေထားပါတယ်။ Fb link Archive link အလားတူ “မိထ္ထီလာမှာတော့ နေ့စားခ ငါးထောင်ပေးမယ်ပြောပြီး၂၀၀၀ပဲပေးလို့ သန်ဌေးပုံပါတဲ့ဆိုင်းဘုတ်ကို ဝိုင်းဖျက်ဆီးလိုက်ကြပြီ”ဆိုပြီးတော့လည်း “Apoi Lo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထား တာတွေ့ရပါတယ်။  ဒီပို့စ်တွေအောက်မှာ မှတ်ချက်တွေကို ကြည့်မယ်ဆိုရင် နိုင်ငံရေးအောက်လုံးထိုးမှု အဖြစ်ပြောဆိုနေကြတဲ့ မှတ်ချက်တွေအများအပြားလည်းတွေ့ရပါတယ်။ ရွေးကောက်ပွဲဆိုင်းဘုတ်တွေကိုအမှန်တကယ်ဖျက်ဆီးခံရတဲ့ အခြေအနေမျိုးလည်းရှိခဲ့တာကို ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တွေ့ရပါတယ်။ အခုလည်း နေ့စားခပေးတာအငြင်းပွားပြီးအခုလို ဆိုင်းဘုတ်ကို […]

Continue Reading

NLD နဲ့ ပြည်ခိုင်ဖြိုးပါတီအပေါ် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် မှတ်ချက်ဆိုတဲ့ သတင်းမှားဖြန့်

လူမှုကွန်ယက်အသုံးပြုမှုမှာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ချီးမွှမ်းလိုက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကို ရှုတ်ချဝေဖန် တယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ NLD က အင်တာနက်ခေတ်မှာ အားသာချက်တွေရှိနေပြီး ထောက်ခံသူတွေကလည်း အချက်အလက်နဲ့ အကျိုးရှိရှိ အသုံးချနိုင်ပေမဲ့ ပြည်ခိုင်ဖြိုးကတော့ photoshop လုပ်ပြီး သတင်းတုသတင်းမှားဖြန့်တာကလွဲလို့ မလုပ်တတ်တဲ့ အကြောင်း ဦးရဲထွဋ်ကပြောခဲ့တယ်ဆိုပြီးတော့ ရေးသားထားကို အောက်ပါအတိုင်း တွေ့ရပါတယ်။ Link Link Link Archive link Archive link Archive link တကယ်တော့ ဒီလိုမျှဝေနေတဲ့ပို့စ်ဟာ သတင်းတုဖြစ်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပြည်ခိုင်ဖြိုးပါတီအကြောင်း သုံးသပ်ပြောထားတယ်ဆိုတဲ့ ပို့စ်ကို ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် ဒီသတင်းမှန်သလားမေးလာတာကို အောက်ပါအတိုင်းပြန်လည်ဖြေကြား ထားတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာ […]

Continue Reading

အမှားပြင်ဆင်ချက်- အမရပူရက ယှဉ်ပြိုင်မယ့် USDP ကိုယ်စားလှယ်လောင်း အဖြစ်ဖော်ပြနေတဲ့သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နဲ့ ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကနေ ဦးဇော်ထက်အောင်အား ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအဖြစ် မျှဝေနေတဲ့ပို့စ်ကို သတင်းမှားအဖြစ် Fact Crescendo Myanmar က ြသဂုတ် ၁၄ရက်တွင် မှားယွင်းဖော်ပြခဲ့ပါသည်။ အဆိုပါ ပို့စ်ဖော်ပြချက်မှာ မှန်ကန်သည်ကိုတွေ့ရှိရပါသည်။  ပို့စ်တွင်“ဒေါတ်ဇော်ပြိုင်မဲ့ မဲဆန္ဒနယ်မှာ ကြက်ဥသယ်ကို ဝင်ပြိုင်ခိုင်းမဲ့အစ ကား သိန်းထွန်းဦး တို့ နန္ဒာလှမြင့်တို့ သန်းဌေးတို့ လာပြိုင်ကြလေ။ ရှုံးမဲ့နေရာတွေကို ဘာမဟုတ်တဲ့ကောင်တွေနဲ့ထည့်ပြိုင်နေရ အောင် ပြည်ခိုင်းဖြိုး ဟာ ကိုယ်စားလှယ် လောင်းသိပ်ရှားနေပုံပဲ။ နိုင်ငံရေးသိက္ခာ မှာတန်းညှိမပြိုင်နိုင်တဲ့ပြည်ခိုင်ဖြိုးက ကျွန်တော်တို့ အစိုးရ ပြန်ဖြစ်ခဲ့ရင်တဲ့လားးသေခြာတယ် တစညပါတီလို မကြာခင် ပြည်ခိုင်ဖြိုးဟာ ဇာတ်သိမ်းရ တော့မယ်”လို့ ရေးသားထားပြီး “Red Zaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါ အတိုင်းမျှဝေထားပါတယ်။ ထိုနည်းတူစွာပဲ “Kaung Zaw”၊ […]

Continue Reading

ပြည်ခိုင်ဖြိုး အာဏာရရင် အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်းမယ်ဆိုတဲ့ သတင်းတု

 ပြည်ခိုင်ဖြိုး အာဏာပြန်ရလျှင် မြန်မာလူမျိုးများကို အင်္ဂလိပ်စာ အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်း နိုင်အောင် ဆောင်ရွက်မယ်လို့ ဦးသန်းဌေးပြောတယ်ဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ဒီ ဓာတ်ပုံပို့စ်မှာ “ပြည်ခိုင်ဖြိုး အာဏာပြန်ရလျှင် မြန်မာလူမျိုးများကို အင်္ဂလိပ်စာ အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်း နိုင်အောင် ဆောင်ရွက်မည်ဟု ဦးသန်းဌေးပြော”လို့ ခေါင်းစဉ်တပ်ထားပြီး Golden Hands ဂျာနယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဉက္ကဌ ဦးသန်းဌေးနှင့်အင်တာဗျူး တစ်ခုမှာပြောကြားခဲ့ ဟန်ဖြစ်တာတွေ့ရပါတယ်။ ဒီပို့စ်ကို ဒီမို ဖိုက်တာ၊ Zaw Tun စတဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေက အောက်ပါအတိုင်းမျှဝေထားတာတွေ့ ရပါတယ်။ အချက်အလက်စိစစ်ချက် ဓာတ်ပုံကို ဒီဂျစ်တယ်နည်းလမ်းအသုံးပြုပြင်ထားတဲ့ ဒီသတင်းတုဟာ ဖေဖော်ဝါရီလထဲကတည်းက စတင်ပျံ့နှံ့ လျက်ရှိတာတွေ့ရပါတယ်။ ဒီအင်တာဗျူးရဲ့မူရင်းခေါင်းစီးဟာ “ဘယ်လောက်ပဲတိုင်တိုင် ဥပေက္ခာပြုထားတော့ မပြေးသော်လည်း ကန်ရာရှိ […]

Continue Reading

စစ်ယူနီဖောင်းနဲ့အရာရှိဟာ ပြည်ခိုင်ဖြိုး ဥက္ကဌ ဦးသန်းဌေး ၈ လေးလုံး အရေးအခင်းမှာ ပစ်မိန့်ပေးနေပုံလား-မဟုတ်ပါ

လက်ရှိပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး ၈ လေးလုံးအရေးအခင်းမှာ ပစ်မိန့်ပေးနေပုံ အဖြစ်ဖော်ပြနေတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိ တာတွေ့ရပါတယ်။ “၈၈၈၈ အရေးခင်းတုန်းက လမ်းပေါ် ထွက်ပီးဆန္ဒပြတဲ့ ပြည်သူတွေကို ပစ်မိန့်ပေးခဲ့ဖူးတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဌကြီး ဦးသန်းဌေး ဒီလိုလူမျိုးကိုမဲပေးသင့်ပါသလား ပိတ်သတ်ကြီးတို့ရေ”ဆိုပြီးတော့ “တင့် မွှေး” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ၂ ထောင်နီးပါးက ပြန်လည်မျှဝေခဲ့ကြတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံဟာ lightrocket.com အမည်နဲ့ ဝက်ဘ်ဆိုဒ်မှာ တင်ထားတဲ့ ပုံတစ်ခုဖြစ်တာတွေ့ရပြီး စာအညွှန်းမှာ ဒီဓာတ်ပုံကို ရိုက်ကူးခဲ့သူဟာ Dominic Faulder ဆိုတဲ့ ဓာတ်ပုံသတင်းထောက်ဖြစ်ပြီး ၁၉၈၉ ဇူလိုင် ၁ နေ့မှာ ရိုက်ကူးခဲ့တယ်လို့ ဖော်ပြထားပြီး […]

Continue Reading

USDP ပြောရေး ဆိုခွင့်ရှိသူ ဦးသိန်းထွန်းဉီးကို တိုက်ခိုက်တဲ့ သတင်းတု

စာရေးဆရာ အကြည်တော်ရဲ့ သူခိုးအမည်ရှိ လုံးချင်းဝတ္ထုအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေး ဆိုခွင့်ရှိသူဦးသိန်းထွန်းဉီးက ပြင်းပြင်းထန်ထန်ဝေဖန်ပြီး ပြည်ခိုင်ဖြိုးပါတီကို စောင်းမြောင်းရေး သားတဲ့အတွက် စာပေစိစစ်ရေးကို တိုင်ကြားမယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်သုံး စွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “မနေ့က ထွက်ရှိလာသည့် အကြည်တော်ရေးသားသည့် သူခိုးအမည်ရှိလုံးချင်းဝတ္ထုအပေါ် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရ ဦးသိန်းထွန်းဦးမှ ပြင်းပြင်းထန်ထန်ဝေဖန် လိုက်ပါတယ်။ အကြောင်းအရာကို ဖတ်ကြည့်လိုက်ရင် သာမန် ရယ်စရာတွေ ရေးထားတဲ့ ဝတ္ထုလို့ထင်ရပေမယ့် စာရေးဆရာရဲ့ဆိုလိုရင်းက ကျွန်တော်တို့ပါတီ ကိုစောင်းမြောင်းရေးသားထားတာတွေဖြစ်နေတယ်။ သူရေးထားတာတွေမှာ ကျွန်တော်တို့ပါတီ အဖြစ်တွေနဲ့သေခြာတိုက်ကြည့်ရင် အမှန်တဝက် အမှားတဝက်တွေပါ။ စာဖတ်ပရိသတ်တွေ သူ့စာကိုဖတ်မိရင် စာဖတ်သူတွေစိတ်ထဲ ကျွန်တော်တို့ကို တကယ့်ငပေါသူခိုးတွေလို့ မြင်ကုန်အောင် စာပေအဆိပ်ခတ်ပြီး ပြည်သူလူထု ကိုမှိုင်းတိုက်နေတာလို့ ပြောလို့ရပါတယ် ။အဓိကအချက်က ရွှေးကောက်ပွဲ နီးလာမှ ဒီစာအုပ်ထွက်လာခြင်းဟာ […]

Continue Reading

ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များရဲ့ သတင်းပေါက်ကြားမှုဆိုတဲ့ chat box အတု

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ထင်ယောင်ထင်မှားဖြစ်စေပြီး နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတု သတင်းမှား တွေဖန်တီးပြီး အပြန်အလှန်တိုက်ခိုက်မှု ပိုမိုများပြားလားနေပါတယ်။ သမ္မတနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်တို့ ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ ပြောဆိုမှုပေါက်ကြားဆိုတဲ့ သတင်းတု သတင်းမှားတွေ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့ပြီးနောက်မှာ ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များရဲ့ သတင်း ပေါက်ကြားမှုဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ ‎”ကျော် သီဟနိုင်‎” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မင်းကင်းမြို့နယ်ဟစ်တိုင်”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စု၊ “Kyaw Swar”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “အမေ့သားသမီးများသီးသန့်”ဖေ့စ်ဘွတ်အုပ်စုမှာ ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်များရဲ့ သတင်းပေါက်ကြားမူကို အရှက်ရစဖြစ်ခဲ့ဟု နန္နလှမြင့်ဝန်ခံဆိုပြီးတော့ အောက်ပါ အတိုင်းမျှဝေထားပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်ကို Fact Crescendo Myanmar က […]

Continue Reading

ရွှေပုပ္ပါးသွေးဆေး ကြော်ငြာကားကို ပြည်ခိုင်ဖြိုးပါတီဝင်တွေက ထွက်ရိုက်တယ်ဆိုတဲ့ သတင်းတု

ရွှေပုပ္ပါးသွေးဆေး ကြော်ငြာကားကို ပြည်ခိုင်ဖြိုးပါတီဝင်တွေက ထွက်ရိုက်တယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ “သွေးလေခြောက်ချားနေသလား ရွှေပုပ္ပါးသွေးဆေးကိုစား နာမည်ဖြင့်သွေးဆေးလှည့်လည်ကြေငြာသည့်ကား ပြည်ခိုင်ဖြိုးပါတီ ရုံးရှေ့တွင်ဆေးကြေငြာနေသဖြင့် ပါတီရုံးထဲမှ ပါတီဝင်များ ထွက်ရိုက်မှုဖြစ်ပွား”ဆိုတဲ့ ခေါင်းစဉ်ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ နေပြည်တော်ပြည်ခိုင်ဖြိုးပါတီရုံးချုပ်ရှေ့မှာ ရွှေပုပ္ပါးသွေးဆေးကုမ္မဏီရဲ့ သွေးဆေးကြေငြာသည့်ကားသည် ပါတီရုံးရှေ့အလွန်၌ ကားကိုရပ်တန့်၍ သွေးဆေးကြေငြာနေစဥ် ပြည်ခိုင်ဖြိုး ပါတီဝင်များ မှဒုတ်များကိုင်ဆောင်၍ ဝိုင်းရိုက်ခဲ့တယ်ဆိုပြီးတော့ “Wai Wai”၊ “Ko Pauk”စတဲ့ အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဉီးအောင်ချိုဉီးကို Fact Crescendo Myanmar က တယ်လီဖုန်းနဲ့ ဆက်သွယ်အတည်ပြုခဲ့ရာမှာ အောက်ပါအတိုင်း ပြောကြား ပါတယ်။ […]

Continue Reading

ပုသိမ်ငဝန်မြစ်ကူးတံတားကိုဆေးအနီရောင်မှု ရွေးကောက်ပွဲကော်မရှင်ထံ ထပ်မံ တိုင်ကြားမယ်ဆိုတဲ့ သတင်းမှား

ပုသိမ်ငဝန်မြစ်ကူးတံတားကိုဆေးအနီရောင်ခြယ်သည့်ကိစ္စအပါအဝင်ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ NLD က်ပွဲကော်မရှင်ထံ ထပ်မံတိုင်ကြားမယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ NLD အစိုးရဟာ ဧရာဝတီမြစ်ကူးတံတားမှန်သမျှကို သူတို့ NLD ကိုယ်စားပြုအနီရောင်ကို အသုံးပြုပြီး ပြည်သူတွေစိတ်ထဲအနီရောင်စွဲလာအောင်နိုင်ငံရေးလုပ်ကြံမှု့အကြီးစားတစ်ခုကိုကျူးလွန်နေတယ်လို့ နေပြည်တော်ပြည်ခိုင်ဖြိုးရုံးချုပ်တွင်မီဒီယာများအားပြောကြားလိုက်ကြောင်းသိရပါတယ်ဆိုပြီးတော့ “ရဲ ဇော်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားမျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး “နေပြည်တော် ပြည်ခိုင်ဖြိုး ရုံးချုပ်တွင်မီဒီယာများအားပြောကြားလိုက်ကြောင်း သိရသည်” ဆိုပြီး တော့ရေးသားချက်အရ မီဒီယာတစ်ခုခုက ဒီလိုခေါင်းစဉ်မျိုးတပ်ရေးသားခဲ့သလားရှာ ဖွေကြည့်ရာမှာ သတင်း တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ Google မှာ အဓိကကျတဲ့ စကားလုံးတွေဖြစ်တဲ့ “ပုသိမ်ငဝန်မြစ်ကူးတံတား ဆေးအနီရောင်ခြယ်သည့်ကိစ္စ”၊ “ဆေးအနီရောင်ခြယ်သည့်ကိစ္စ”စသည်ဖြင့် အသုံးပြုပြီးရှာဖွေရာမှာ တရားဝင်ရပ်တည်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်အသုံးပြုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီလိုရေးသား ချက်နဲ့ […]

Continue Reading

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဉက္ကဌနဲ့ ပါတီတာဝန်ရှိသူတွေ အချင်းချင်း ချကုန်ပြီးဆိုတဲ့ သတင်းတု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဉက္ကဌ ဦးသန်းဌေးက ၂၀၂၀ မှာ အစိုးရမဖွဲ့နိုင်ရင် ပါတီကို လေလံ တင်မယ်လို့ ရေးသားထားပြီး ပါတီပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တွေက ဒီလိုရေးသားချက်ကို တုန့်ပြန်ခဲ့ဟန် screenshot တစ်ခုကို “ကို ကြီး”အမည်နဲ့လူမှုကွန်ယက်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။ “ဟာ အချင်းချင်းတေဖဲ့ကုန်ကြပြီ ပွဲကတော့လှချက်”ဆိုပြီးတော့ အောက်ပါအတိုင်းမျှဝေထားတာဖြစ်ပါတယ်။ Fb link Archive link အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီဉက္ကဌ ဦးသန်းဌေးရဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နှာမှာ “လာမယ့် ၂၀၂၀ ရွေးကော်ပွဲမှာ အစိုးရ မဖွဲ့နိုင်ရင် ပြည်ခိုင်ဖြိုးပါတီကို လေလံတင်တော့မယ်လို့ စိတ်မကောင်းစွာ အသိပေး လိုက်ပါသည်”ဆိုတဲ့ ရေးသားချက် တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။  Link ပြည်ခိုင်ဖြိုးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်အသုံးပြုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ပါတီကို လေလံတင်ရ အောင် အမွေရထားတဲ့ […]

Continue Reading