ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်း ကြံ့ခိုင်ရေးပါတီကို ဒေါ်အောင်ဆန်းစုကြည်သတိပေးဆိုတဲ့သတင်းမှား

ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်းကြံ့ခိုင်ရေးပါတီကိုဒေါ်အောင်ဆန်းစုကြည်သတိပေးပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်သုံးစွဲသူကတွေက ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ “ဒီမိုချစ်တဲကိုကို”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “Aung San Suu Kyi (State Counsellor)”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ အောက်ပါအတိုင်းမျှဝေထားတာဖြစ်ပါတယ်။ Fb link Archive link Archived အချက်အလက်စိစစ်ချက် “ဒီမိုချစ်တဲကိုကို”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက“ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်းကြံ့ခိုင်ရေးပါတီကိုဒေါ်အောင်ဆန်းစုကြည်သတိပေးပြီ”လို့ခေါင်းစဉ်တပ်ထားတဲ့ ပို့စ်မှာပါတဲ့ လင့်ခ်ကို ဖွင့်ကြည်တဲ့အခါမှာ The Voice က အယ်ဒီတာအာဘော်ဖြစ်နေတာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က သတိပေးတယ်လို့ ရေးသားထားခြင်းမရှိတာတွေ့ရပါတယ်။ ဒီလိုပဲ “လိုရင်းပြောရမည်ဆိုပါက ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဆိုသည့် ခံယူချက်ဖြင့် ညစ်ပတ်သော တိုက်ကွက်များကို အသုံးမပြုဘဲ ပါဝါနိုင်ငံရေးကိစ္စကို လူကြီးလူကောင်းဆန်စွာ၊ သန့်ရှင်းစွာ ယှဉ်ပြိုင်ခြင်းအားဖြင့် ခေတ်သစ်မြန်မာ့ သမိုင်းတွင် လူထု၏ အစဉ်အယုံအကြည်ရှိထိုက်သူ စံပြပုဂ္ဂိုလ်များအဖြစ် နာမည်ကောင်းကျန်ရစ်အောင် ပြုမူဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း ​ကြံခိုင်ရေး ( ခေါ် ) ပြည်ခိုင်ဖြိုးပါတီအားမေတ္တာရပ်ခံလိုပါသည်။”လို့ […]

Continue Reading

ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေ ပြည်သူပိုင်ငွေ မခိုးဖူးသူမရှိဘူးလို့ အမတ်ဦးစိုးသိန်း ပြောဆိုတဲ့ သတင်းတု

“ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တိုင်း ပြည်သူပိုင်ငွေ မခိုးဖူးသူမရှိသောကြောင့် ရှက်စရာကြောက်စရာ မလိုဟု အမတ်ဦးစိုးသိန်း ပြောဆို”လို့ခေါင်းစဉ်တပ်ထားပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း မီဒီယာတွေကိုစကားပြောနေဟန်နဲ့ screenshot တစ်ခု ဖေ့စ်ဘွတ် သုံးစွဲသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ “Current Affiars”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ Justin Trvol အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပြီး ၂၄ နာရီအတွင်းမှာ လူမှုကွန်ယက်သုံးစွဲသူ ၁ ထောင်ကျော်က ပြန်လည်မျှဝေခဲ့ကြပါတယ်။ Link Archive link Eleven မီဒီယာတံဆိပ်ကို မျှဝေထားတဲ့ screenshot မှာတွေ့မြင်ရပါတယ်။ အမှန်တကယ်ပဲ လွှတ်တော် ကိုယ်စားလှယ်ဦးစိုးသိန်းက ပြောခဲ့ပါသလား။ အချက်အလက်စိစစ်ကြည့်ရအောင်။ အချက်အလက်စိစစ်ချက်  ပထမဆုံး အလဲဗင်းသတင်းဌာနရဲ့ ဗွီဒီယိုဝက်ဘ်ဆိုဒ်မှာ အခုဗွီဒီယိုနဲ့အလားသဏ္ဌာန်တူတဲ့ ဗွီဒီယိုရှာဖွေရာမှာ  ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းရဲ့ “ဒီဖွဲ့စည်းပုံက […]

Continue Reading

ဗစ်တိုးရီးယားအမှုမှာ စွပ်စွဲခံကလေးတွေဘက်က ရပ်တည်ဖို့ ပြည်ခိုင်ဖြိုး ဥက္ကဌ စာထုတ်ခဲ့တယ်ဆိုတဲ့ သတင်းတု

ဗစ်တိုးရီးယားမှုဟာ လူထုကြားမှာ ရေပန်းစားပြီး ဝိုင်းရံမှုအားကောင်းခဲ့တဲ့ သက်ငယ်မုဒိန်းမှုဖြစ်ပေမဲ့ တရားခံလို့ စွပ်စွဲဖမ်းဆီးခဲ့တဲ့ ကျောင်းကားမောင်းသူ ကိုအောင်ကြီးကို တရားရှင်လွှတ်ပေးအပြီးမှာ နောက်ထပ် တရားခံ မရှိတော့ဘဲ အမှုဟာ လိပ်ခဲတည်းလဲနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။  ဒီအမှုမှာ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ လုပ်စဉ်မှာ ဥပဒေအရ လျို့ဝှက်ထားရမယ့် ကလေးငယ်နဲ့ မိဘတွေရဲ့ ကိုယ်ရေးအ ချက်အလက်တွေကို ရဲတပ်ဖွဲ့အကြီးအကဲ တွေက အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့တဲ့ ရဲအရာရှိကြီး ၃ ဉီးကို ရာထူးတိုးရပ်ဆိုင်းနဲ့ အရေးယူခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ဘာကြောင့်..Victoria..လေးရဲ့ အမှု့ နဲ့ ပါတ်သက်ပြီး..ရာထူး တိုးခြင်း ရပ်ဆိုင်း ဆိုတဲ့ အပြစ်သေးသေး လေးကို ပေးရတာလဲဆိုတာ သိချင်ရင်..ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်ပါ….ဥပဒေကို ကျောသား နဲ့ ရင်သား ခွဲခြားတက်တဲ့ ပါတီကို.. ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ မဲပေးရမှာလဲ”ဆိုပြီးတော့ […]

Continue Reading