Fact Check: လေကြောင်းတိုက်ခိုက်မှုတွေအစား လက်ဝှေ့ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ မြန်မာစစ်တပ်ကို ဘရော်နီကာ စိန်ခေါ်မှုဓာတ်ပုံလား – မဟုတ်ပါ

လေကြောင်းတိုက်ခိုက်မှုတွေအစား လက်ဝှေ့ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ မြန်မာစစ်တပ်ကို ကယန်းလက်ဝှေ့မယ် ဘရော်နီကာ စိန်ခေါ်ထားတယ်ဆိုတဲ့ ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ တာတွေ့ရပါတယ်။ လက်နက်အားကိုးနဲ့ မမိုက်ဘဲ လက်ဝှေ့ကြိုးဝိုင်းမှာ ထိုးသတ်ဖို့ စစ်တပ်ကို စိန်ခေါ်ခဲ့တဲ့ မူလဓာတ်ပုံကို ပြုပြင်ထား ခြင်းဖြစ်တယ်။ “အမည်မသိ ရှေ့စာဆို”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းခဲ့တဲ့  ဖေ့စ်ဘွတ်ပို့စ်ပါ စာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကို အောက်မှာကြည့်ပါ။ တူညီတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “အားပေးရကြိုးနပ်တဲ့ Idoi” (မူရင်းအရေးအသား)လို့ ရေးသားပြီး ဓာတ်ပုံထဲမှာတော့ ဘရော်နီကာက “လေယာဉ်နဲ့မတိုက်နဲ့ သွေးရှိရင် ကြိုးဝိုင်းပေါ်တက်ခဲ့”လို့ ရေးသားထားတဲ့ အဖြူရောင်ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link […]

Continue Reading