Fact Check: မှော်ဘီမှာတွေ့ရတဲ့ ကံကောင်းစေတဲ့မြွေတွေအဖြစ် သတင်းမှား ဖြန့်ဝေ
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ပကရောက်ကျေးရွားအုပ်စု၊ မရှာဘိကျေးရွာရှိ တောင်သူတစ်ဦးရဲ့ သပြေပင်မှာ တွေ့ရတဲ့ ကံကောင်းစေတဲ့ မြွေတွေလို့ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ပေါင်း များစွာက ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ မရှာဘိကျေးရွာက ဟင်းသီးဟင်းရွက်စိုက်တောင်သူ ဦးကွယ်လွယ်ထူးရဲ့ စိုက်ခင်းအတွင်းရှိ သပြေပင်မှာ တွေ့ရ တာဖြစ်ပြီး မြွေတွေဟာ ဘယ်ကရောက်လာမှန်းမသိကြောင်းနဲ့ ဇနီးက နွားနို့ နေ့တိုင်းတိုက်ပြီးနောက် ထီ သိန်း ၁ သောင်းဆုပေါက်တယ်လို့လည်း ရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသား မျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။ “ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ပကရောက်ကျေးရွားအုပ်စု၊ မရှာဘိကျေးရွာရှိ ဟင်းသီးဟင်းရွက်စိုက် တောင်သူ ဦးကွယ်လွယ်ထူး၏ စိုက်ခင်းအတွင်းရှိ သပြေပင်တွင် ပုံတွင်မြင်တွေ့ရသည့်အတိုင်း အစိမ်းရောင် မြွေများအုပ်စုလိုက် လာရောက်နေထိုင်ကြကြောင်းတွေ့ရှိရစဉ်။ […]
Continue Reading