ပုဇွန်တောင်မြိုနယ်မဲစာရင်းထဲ အလုပ်သမား ၈၅၀ရဲ့မဲစာရင်းထည့်သွင်းတယ်ဆိုတဲ့ သတင်းအမှား

ပုဇွန်တောင်မြို့နယ်မှာရှိတဲ့ ပြည်တော်သစ်အိမ်ရာစီမံကိန်းကို ဆောက်လုပ်နေတဲ့ Modern Key Technique ဆောက်လုပ်ရေးကုမ္ပဏီက သူ့ရဲ့ဆောက်လုပ်ရေးလုပ်သား ၈၅၀ရဲ့မဲစာရင်းကို ပုဇွန်တောင်မြို့နယ်မဲစာရင်း ထဲထည့်ဖို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကတဆင့်ထည့်သွင်းသွားတယ်ဆိုတဲ့ သတင်းကို Myanmar Hard Talk ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဩဂုတ်လ ၁၆ရက်နေ့က မျှဝေခဲ့ပါတယ်။ ဒီပို့စ်မှာ “ရွေးကောက်ပွဲကော်မရှင်က ဖုံးဖိထားသော ဆောက်လုပ်ရေးလုပ်သား မဲစာရင်းပြဿနာ နိုင်ငံရေး ပါတီများအတွက် အန္တရာယ်ကြီးမားလာ”ဆိုတဲ့ ခေါင်းစဥ်နဲ့ “လက်ရှိ အာဏာရအစိုးရဟာ မူလပါတီဖြစ်တဲ့ NLD ပါတီကို ၂၀၂၀ ရွေးကောက်ပွဲ မှာ အနိုင်ရစေဖို့အတွက် ဆောက်လုပ်ရေးလုပ်သားတွေနဲ့ မဲစာရင်းကစားတာ လုပ်ဆောင်နေပါတယ်။ ဒါကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်မပြောဘဲ ဖုံးဖိထားပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး၊ ပုဇွန်တောင်မြို့နယ်မှာ Modern Key Technique ဆောက်လုပ်ရေးကုမ္ပဏီဟာ အခုရက်ပိုင်းအတွင်း ပုဇွန်တောင်မြို့နယ်၊ […]

Continue Reading