Fact Check: မန်ယူကစားသမား ဝိန်းရူးနီးက CDM ပါဝင်ဖို့ပြောနေတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံ
မန်ချက်စတာယူနိုက်တက်အသင်းက ဘောလုံး ကစားသမားဟောင်း ဝိန်းရွန်းနီးဟာ CDM မှာပါဝင်ပြီး အာဏာရှင်ကို တော်လှန်ဖို့ အားပေးနေပုံဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ကမျှဝေထားပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ ဓာတ်ပုံပြုပြင်နည်းနဲ့ပြုပြင်ထားခြင်းဖြစ်ပြီး မူရင်းဓာတ်ပုံဟာ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပရိတ်သတ် ၁၀ သန်းပြည့်အထိမ်းအမှတ်အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောတဲ့ဓာတ်ပုံ ဖြစ်ပါတယ်။ “မန်ယူ အသင်းကစားသမားဟောင်း ရွန်းနီး တောင်မှ CDM ပါဝင်ဖို့ အာဏာရှင်တွေကို တော်လှန်ဖို့ အားပေးနေပြီ Crd. ”လို့ရေးသားပြီးအောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံရှာဖွေရေးဝက်ဘ်ဆိုဒ်ဖြစ်တဲ့ Tineye မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဒီပုံဟာ မန်ချက်စတာ ယူနိုက်တက်(မန်ယူ)အသင်း တိုက်စစ်မှူးဝိန်းရူးနီဟာ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ပရိတ် ၁၀ သန်းပြည့် အထိမ်းအမှတ်အနေနဲ့ […]
Continue Reading