ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့မိခင်အဖြစ် သတ်မှတ်တယ်ဆိုတဲ့ အချက်အလက်မှား
ဒေါ်အောင်ဆန်းစုကြည်ကို “ကမ္ဘာ့မိခင်ကြီး” အဖြစ် နိုင်ငံပေါင်း ၄၃ နိုင်ငံက သတ်မှတ်လိုက်တယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာဒေါ်အောင်ဆန်းစုကြည်ပုံ ရိုက်နှိပ်ထားတဲ့ ကြေးတံဆိပ်ရိုက်နှိပ်ထားဟန် အမှတ်တံဆိပ်တစ်ခုပါဝင်ပါတယ်။ “အမေစုကို ကမ္ဘာ့မိခင်အဖြစ်သတ်မှတ်ခြင်းကို လက်မှတ်ထိုး အသိမှတ်ပြုလိုက်တဲ့ သတင်းကောင်းပါ”ဆိုပြီးတော့ apannpyaymedia၊ khitalinmedia အမည်နဲ့ဝက်ဘ်ဆိုဒ်တွေမှာ အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူ “Daw Mi Mi”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကလည်း မျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ “ကမ္ဘာ့မိခင်”ဆု၊ “world mother award”စသည်ဖြင့် ရှာကြည့်မယ်ဆိုရင် ဒီလိုအမှတ်တံဆိပ်မျိုးနဲ့ ပျံ့နှံ့လျက်ရှိတဲ့အကြောင်းအရာမျိုး မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်သာသာနဲ့ မီဒီယာလုပ်ငန်း အဓိက လုပ်ကိုင်တဲ့ မီဒီယာတစ်ခုခုက ရေးသားချက်တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ ဒီအမှတ်တံဆိပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးတဲ့ အနုပညာရှင် တစ်ဦးက စိတ်ကူးနဲ့ ရေးဆွဲခဲ့တဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ ဒီအမှတ်တံဆိပ်လိုမျိုးဖန်တီးချက်ကို […]
Continue Reading