မောင်ထမင်းစားပီးပီလား နာမည်နဲ့ ဆယ်တန်းအောင်မြင်ခဲ့သူရှိသလား-မဟုတ်ပါ

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ြသဂုတ် ၉ ရက်မှာ ယခုနှစ် အွန်လိုင်းကနေ ပထမဆုံးအကြိမ်ထုတ်ပြန်ခဲ့တာကြောင့် လူထုအကြားမှာ ဆယ်တန်းအောင်စာရင်းနဲ့ ပတ်သက်ပြီး ပိုမိုစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ တစ်နှစ်ဖြစ်ခဲ့ပါတယ်။  ဒီလိုအခြေအနေမှာ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းမှာ မောင်ထမင်းစားပီးပီလား အမည်နဲ့ ကျောင်းသား တစ်ယောက်ပါဝင်တယ်ဆိုပြီး လူမှုကွန်ယက်မှာ မျှဝေနေကြတာတွေ့ရပါတယ်။ “Yoon Nay Chi Zaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ” Feel.ကြမယ်”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ အောက် ပါအတိုင်းမျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ၅၀၀ ဝန်းကျင်က ပြန်လည်မျှဝေခဲ့ကြပြီး ဟာသအမြင်နဲ့ မှတ်ချက်ပေးသူ ၁၀၀ ကျော်လည်းရှိခဲ့ပါတယ်။ အမှန်တကယ်တော့ အောင်စာရင်းမှာ မောင်ထမင်းစားပီးပီလား အမည်နဲ့ အောင်မြင်သူမရှိတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၊ […]

Continue Reading

ပြည်ခိုင်ဖြိုး အာဏာရရင် အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်းမယ်ဆိုတဲ့ သတင်းတု

 ပြည်ခိုင်ဖြိုး အာဏာပြန်ရလျှင် မြန်မာလူမျိုးများကို အင်္ဂလိပ်စာ အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်း နိုင်အောင် ဆောင်ရွက်မယ်လို့ ဦးသန်းဌေးပြောတယ်ဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ဒီ ဓာတ်ပုံပို့စ်မှာ “ပြည်ခိုင်ဖြိုး အာဏာပြန်ရလျှင် မြန်မာလူမျိုးများကို အင်္ဂလိပ်စာ အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်း နိုင်အောင် ဆောင်ရွက်မည်ဟု ဦးသန်းဌေးပြော”လို့ ခေါင်းစဉ်တပ်ထားပြီး Golden Hands ဂျာနယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဉက္ကဌ ဦးသန်းဌေးနှင့်အင်တာဗျူး တစ်ခုမှာပြောကြားခဲ့ ဟန်ဖြစ်တာတွေ့ရပါတယ်။ ဒီပို့စ်ကို ဒီမို ဖိုက်တာ၊ Zaw Tun စတဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေက အောက်ပါအတိုင်းမျှဝေထားတာတွေ့ ရပါတယ်။ အချက်အလက်စိစစ်ချက် ဓာတ်ပုံကို ဒီဂျစ်တယ်နည်းလမ်းအသုံးပြုပြင်ထားတဲ့ ဒီသတင်းတုဟာ ဖေဖော်ဝါရီလထဲကတည်းက စတင်ပျံ့နှံ့ လျက်ရှိတာတွေ့ရပါတယ်။ ဒီအင်တာဗျူးရဲ့မူရင်းခေါင်းစီးဟာ “ဘယ်လောက်ပဲတိုင်တိုင် ဥပေက္ခာပြုထားတော့ မပြေးသော်လည်း ကန်ရာရှိ […]

Continue Reading

NLD အလံနဲ့ခွဲမရအောင်တူတဲ့ ပါတီအလံတွေအဖြစ်ဖော်ပြနေတဲ့သတင်းမှား

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အလံနဲ့ခွဲမရအောင်တူနေတဲ့ အလံ တွေနဲ့ အခြားပါတီတွေရှိတယ်ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ခွပ်ဒေါင်းအလံနဲ့ ကြယ်တစ်လုံးပါတာခြင်းတူတဲ့ အလံ ၄ မျိုးကို နံပါတ်စဉ်တပ် ဖော်ပြထား ပြီး “ရွေးကောက်ပွဲအတွက် အတော်လေးသတိထားရမယ်ကိစ္စပါ ၁ နဲ့ ၄ က အတော်လေးဆင်တူတယ် တော်တန် ယုံလူအဖို့ NLD တံဆိပ်နဲ့ မှားနိုင်ပါတယ်… NLD ရဲ့ အမှတ်တံဆိပ်က နံပတ် ၁ ဖြစ်ပါတယ် အလွယ်တကူ ခွဲခြား သိနိုင်အောင် မှတ်သားထားဖို့က…NLD ရဲ့အမှတ်တံဆိပ်မှာ ခွပ်ဒေါင်းရဲ့နှုတ်သီးဟာ ကြယ်ထောင့်ချွန် ၂ ခု ကြားမှာရှိပါတယ်… ကြယ်ရဲ့ ညာဘက်အောက်ထောင့် အပြင်စွန်းနားမှာ နှုတ်သီးရှိနေရင် NLD မဟုတ်ပါဘူး… အဲ့ဒါလေးကို ဂရုပြုမှတ်သားထားကြပါ […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည်က ယုန်လေး MTV အပေါ်မှာ မှတ်ချက်ပေးခဲ့သလား-မဟုတ်ပါ

COVID-19 ကာလ စည်းကမ်းသက်မှတ်ချက်ကို ချိုးဖော်ပြီး အငြင်းပွားဖွယ် MTV ဖန်တီးခဲ့လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက အဆိုတော် ယုံလေးကို အနုပညာလှုပ်ရှားခွင့် ၁ နှစ် ပိတ်ပင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ MTV နဲ့ပတ်သက်ပြီး ယုန်လေးကို ချီးကျူးလိုက်ပြီး အပြစ်မမြင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ “ယုန်လေးရဲ့ MTVကိစ္စကိုဒေါ်အောင်ဆန်းစုကြည်ကဒဲ့ပြောလာပြီနော်”ဆို ဒီလင့်ခ် ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ မျှဝေထားပါတယ်။  အခြားသော ဖေ့စ်ဘွတ်အုပ်စုနဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာလည်း ပျံ့နှံခဲ့တဲ့ ပို့စ်တွေထဲက တစ်ချို့ကိုအောက်ပါအတိုင်း တွေ့ရပါ တယ်။  တကယ်တော့ ဒီလိုမျှဝေနေတဲ့ပို့စ်ဟာ သတင်းတုဖြစ်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ရွေးကောက်ပွဲအတွက် စည်းရုံးမှုတွေလုပ်ဖို့ ဖွင့်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဝင်ဖေ့စ်ဘွတ် စာမျက်နှာနဲ့ COVID-19 ကာလ လူထုနဲ့ထိတွေ့ဖို့ ဖွင့်လှစ်ခဲ့တဲ့ စာမျက်နှာလည်းဒီလို […]

Continue Reading

စစ်ယူနီဖောင်းနဲ့အရာရှိဟာ ပြည်ခိုင်ဖြိုး ဥက္ကဌ ဦးသန်းဌေး ၈ လေးလုံး အရေးအခင်းမှာ ပစ်မိန့်ပေးနေပုံလား-မဟုတ်ပါ

လက်ရှိပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး ၈ လေးလုံးအရေးအခင်းမှာ ပစ်မိန့်ပေးနေပုံ အဖြစ်ဖော်ပြနေတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိ တာတွေ့ရပါတယ်။ “၈၈၈၈ အရေးခင်းတုန်းက လမ်းပေါ် ထွက်ပီးဆန္ဒပြတဲ့ ပြည်သူတွေကို ပစ်မိန့်ပေးခဲ့ဖူးတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဌကြီး ဦးသန်းဌေး ဒီလိုလူမျိုးကိုမဲပေးသင့်ပါသလား ပိတ်သတ်ကြီးတို့ရေ”ဆိုပြီးတော့ “တင့် မွှေး” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ၂ ထောင်နီးပါးက ပြန်လည်မျှဝေခဲ့ကြတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံဟာ lightrocket.com အမည်နဲ့ ဝက်ဘ်ဆိုဒ်မှာ တင်ထားတဲ့ ပုံတစ်ခုဖြစ်တာတွေ့ရပြီး စာအညွှန်းမှာ ဒီဓာတ်ပုံကို ရိုက်ကူးခဲ့သူဟာ Dominic Faulder ဆိုတဲ့ ဓာတ်ပုံသတင်းထောက်ဖြစ်ပြီး ၁၉၈၉ ဇူလိုင် ၁ နေ့မှာ ရိုက်ကူးခဲ့တယ်လို့ ဖော်ပြထားပြီး […]

Continue Reading

ရုပ်ရှင်အစည်းအရုံးမှ အဆိုတော် ယုန်လေးအားရာသက်ပန်ထုတ်ပယ်တယ်ဆိုတဲ့ သတင်းမှား

ရုပ်ရှင်အစည်းအရုံးမှ အဆိုတော် ယုန်လေးအားရာသက်ပန်ထုတ်ပယ်တယ်ဆိုတဲ့ သတင်းမှားပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိပါတယ်။ “ယနေ့နေ့လည်ပိုင်းကစတင်ပြီး Facebookပေါ်တွင် သရုပ်ဆောင် ဒါရိုက်တာ အဆိုတော် ယုန်လေးမှ လွှင့်တင်ခဲ့သော စည်းလုံးသင့်ပြီ မြန်မာပြည် အမည်ရှိ သီချင်းတစ်ပုဒ်ကြောင့်ဆင်ဆာခွင့်ပြုချက်မရပဲ ပြသခြင်းစသည်တို့ကြောင့် ယုန်လေးအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကကြီးများအရေးပေါ် စုံညီအစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ပြီး ထုတ်ပယ်လိုက်တယ်လို့ ယနေ့ည၁ဝ :၃၀ ကသတင်း အရသိရပါတယ်။နောက်ဆက်တွဲအနေဖြင့် အဆိုပါတေးသီချင်းတွင်ပါဝင်သော အနုပညာရှင်များကိုလည်း နောင်တွင် ထိုကဲ့သို့သော ဇာတ်လမ်းများမရိုက်ကူးနိုင်စေရန်ခံဝန်လက်မှတ်ထိုးခိုင်းသွားမည်ဟုလည်း သိရပါတယ်။ မနက်ဖြန်မနက်မှာ သတင်းမီဒီယာများတွင် ထည့်သွင်းသွားမည်ဖြစ်ပါတယ်။ အစည်းအရုံးမှထုတ်ပယ်လိုက်ခြင်းကြောင့် ယုန်လေးအနေဖြင့် ရုပ်ရှင်၊ဗီဒီယိုရိုက်ကူးခြင်း ပါဝင်သရုပ်ဆောင်ခြင်း၊ ပါဝင်ထားသော ရုပ်ရှင်ကားများ ရုံတင်ပြသခြင်း ၊သီဆိုထားသောသီချင်းများအား ရုပ်ရှင် ဗီဒီယိုများတွင် အသုံးပြုခွင့်ရှိတော့မည်မဟုတ်ဟုလည်း သိရပါတယ်”ဆိုပြီး ြသဂုတ် ၅ ရက်က “48myanmar”၊ “mevemedia”စတဲ့ဝက်ဘ်ဆိုဒ်တွေမှာ ရေးသားမျှဝေထားပါတယ်။  အမှန်တကယ်တော့ ဒီသတင်းဟာ […]

Continue Reading

ရဲဘော်သုံးကျိပ်ဝင်အဘက ငွေလှူမည်ဆိုပြီး လှည့်စားထားတဲ့ သတင်းတု သတင်းမှား

မြန်မာ့လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့တဲ့ အဘက သူ့ရဲ့လစာတွေကို လှူမယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  “ရဲဘော် ၃ ကျိပ် အဖွဲ့ဝင် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ အဘပါ….အဘက သူမသေခင်မှာ သူရဲ့ ပင်စင် လစာတွေကို နိုင်ငံတော်ကို မလှူပဲ ဆင်းရဲချို့တဲ့ ပြီး အိမ်ပိုင် မရှိ ကျူးကျော် နေရတဲ့ ပြည်သူ တွေကို လှူချင် တယ်လို့ ပြောပါတယ်… အဘမသေခင် အဘရဲ့ ဆန္ဒလေးပြည့်သွားအောင် ဒီ Post ကို Group တွေမှာရှဲခြင်းဖြင့် ကုသိုလ်ယူလိုက်ပါ”စသည်ဖြင့် ရေးသားထားပြီး “အဘရဲ့ နေရပ်လိပ်စာကတော့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်၊ သစ္စာလမ်း ၆၄/ခ တိုက် A ဖြစ်တယ်လို့ ရေးသားထားပြီး ဖုန်းနံပါတ်ကတော့ 09954166014” […]

Continue Reading

နိုင်ငံအနှံ့ NLD ပါတီဝင်တွေအပြိုင်နှုတ်ထွက်ကုန်ပြီဆိုတဲ့ သတင်းမှား

နိုင်ငံအနံ့အပြားက NLD ပါတီဝင်တွေ နှုတ်ထွက်ကုန်ပြီဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက် မှာ ပျံ့နှံ့ လျက်ရှိပါတယ်။ “ကိုယ့်ရပ်ကွက်ထဲမှာ ကိုယ့်စောက်ခွက်တောင် မပြရဲတော့လို့…NLD က နှုတ်ထွက်တာပါ…တဲ့”ဆိုပြီးတော့ “Zaw Ta Mar”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူကမျှဝေထားသလို “မိုး စန္ဒာ လှို င်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “ကောင်းပါတယ် အခုလိုအချိန်မှီ အမြင်မှန်တွေရလာတာ ဂုဏ်ယူပါ တယ်”စသည်ဖြင့်ရေးသားပြီး Radio Free Myanmar လို့ အမည်ပေးထားတဲ့ သတင်းဌာနက ရေးသားဟန်နဲ့ မျှဝေထားတဲ့ ဓာတ်ပုံပို့စ်ကို အောက်ပါအတိုင်း မျှဝေထားပါတယ်။ Fb link Fb link Archive link Archive link အလားတူစွာပဲ NLD ဗဟိုကအမတ်လောင်းအမည်စာရင်းထုတ်ပြန်ပြီးနောက် NLD ပါတီထဲတွင်အုပ်စုဖွဲ့၍ သူ့လူ ကိုယ့်လူ ရွေးချယ်သည်ဟုဆိုကာ […]

Continue Reading

မိုးကုတ်မှာ NLD ဆိုင်းပုဒ်တွေကိုလိုက်ဖြုတ်ချနေကြပြီဆိုတဲ့ သတင်းမှား

မိုးကုတ်မှာ NLD ဆိုင်းပုဒ်တွေကိုလိုက်ဖြုတ်ချနေကြပြီဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ “Myanmar Hard Talk” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်ပါအတိုင်းရေးသားမျှဝေထားရာမှာ လူမှုကွန် ယက်အသုံးပြုသူ ၁ ထောင် ၆ ရာကျော်က ပြန်လည်မျှဝေထားပါတယ်။ “မြန်မာတနိူင်ငံလုံးက ပြည်သူတွေ မိုးကုတ်မြို့သားတွေလို အသိရှိရင် မြန်မာပြည်ပြီးငြိမ်းချမ်းပြီ ၊ မိုးကုတ်မြို့သား တွေဟာ NLD ပါတီကိုမြို့လုံးကျွတ်ထောက်ခံခဲ့တယ် ၊ (၂၀၁၅) မှာမြို့လုံးကျွတ်မဲထဲ့ခဲ့တယ် ၊ ဒါပေမဲ့ သူတို့အားလုံး အချိန်မှီသတိရှိလိုက်ကြပြီ ၊ (၂၀၂၀) မှာ NLD ကိုမဲမပေးဖို့ တမြို့လုံးတညီတညွတ်ထဲဆုံးဖြတ်လိုက်ကြပြီး မြို့အနှံမှာရှိတဲ့ NLD ဆိုင်းပုဒ်တွေကိုလိုက်ဖြုတ်ချနေကြပြီတဲ့ ၊ ဂုဏ်ယူပါတယ်မိုးကုတ်”လို့ ရေးသားထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် “Myanmar Hard Talk” […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည် အထူးကြပ်မတ်ဆောင်မှာ ကုသနေရတယ်ဆိုပြီး သတင်းမှား ဖြန့်ဝေမှုနဲ့ တစ်ကျော့ပြန်လာတဲ့ Freedom News Group

ကျန်းမာရေးအခြေအနေဆိုးရွားလာတကြောင့်  ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်က ဆေးရုံးတစ်ခုမှာ အထူးကြပ်မတ်ဆောင်မှာ ကုသနေရတယ်ဆိုပြီး သတင်းမှာတစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။  Freedom News Group အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဇူလိုင် ၂၈ ရက်ကလည်း “ကြားဖြတ်သတင်း ေ ဒါ် ေ အာင်ဆန်းစုကြည် ေ လဖြတ် သို့ မဟုတ် ​ေလ ဖြန်း ခြင်း ​ေရာဂါ ေ ဝဒနာ ခံ စား ေ နရသည် ယခု တိုက်ရိုက် ထုတ်လွှင့် ေ နသည့် ဗီဒီယို တွင် ရှု စား နိုင်ပါသည်”ဆိုပြီးတော့ လည်းမျှဝေခဲ့တာတွေ့ရပြီး ြသဂုတ် ၂ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုသမနိုင်တော့လောက်အောင် အခြေအနေဆိုးရွားနေပြီဆိုပြီးတော့ ထပ်မံတင်ခဲ့တာတွေ့ရပါတယ်။ Fb […]

Continue Reading