အီတလီမှာ ကိုရိုနာဗိုင်းရပ်စစ်လူနာတွေ လမ်းပေါ်ထားရဆိုတဲ့ သတင်းမှား
အီတလီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်ခုပါ။ မတ် ၂၉ ရက်အထိ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၀၀၀၀ ကျော်ရှိပြီဖြစ် တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံထက် ကူးစက်မှုနဲ့ သေဆုံးမှုပိုမိုများပြားခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အီတလီနဲ့ပတ်သက်တဲ့ သတင်းတွေဟာ ရေပန်းစားခဲ့ပါတယ်။“ဆင်ဆင်ခြင်ခြင်နေကြဘို့ သတိထားဘို့ပါ..အီတလီ နိုင်ငံရဲ့ အခြေအနေ..ဆေးရုံတွေပေါ် ထားစရာ နေရာ မရှိတော့လို့ လမ်းတွေပေါ် ထားထားရတယ်..”ဆိုပြီး “Aung Hein Htet” အမည်နဲ့အကောင့်က “သီတဂူဆရာတော်ကြီးကို ကြည်ညိုကြသူများ”၊ “မူခင်းသတင်းစုံ”၊ “ဗဟုသုတ ၊ ပုံပြင် ၊ ဝတ္ထုများ ၊ မျှဝေကြမယ်” စတဲ့ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေထားပါတယ်။ Fb link Fb link […]
Continue Reading