အီတလီမှာ ကိုရိုနာဗိုင်းရပ်စစ်လူနာတွေ လမ်းပေါ်ထားရဆိုတဲ့ သတင်းမှား

Coronavirus False ကူးစက်ရောဂါ ဆေးဘက်ဆိုင်ရာ၊

အီတလီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်ခုပါ။ မတ် ၂၉ ရက်အထိ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၀၀၀၀ ကျော်ရှိပြီဖြစ် တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံထက် ကူးစက်မှုနဲ့ သေဆုံးမှုပိုမိုများပြားခဲ့ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အီတလီနဲ့ပတ်သက်တဲ့ သတင်းတွေဟာ ရေပန်းစားခဲ့ပါတယ်။“ဆင်ဆင်ခြင်ခြင်နေကြဘို့ သတိထားဘို့ပါ..အီတလီ နိုင်ငံရဲ့ အခြေအနေ..ဆေးရုံတွေပေါ် ထားစရာ နေရာ မရှိတော့လို့ လမ်းတွေပေါ် ထားထားရတယ်..”ဆိုပြီး “Aung Hein Htet” အမည်နဲ့အကောင့်က “သီတဂူဆရာတော်ကြီးကို ကြည်ညိုကြသူများ”၊ “မူခင်းသတင်းစုံ”၊ “ဗဟုသုတ ၊ ပုံပြင် ၊ ဝတ္ထုများ ၊ မျှဝေကြမယ်” စတဲ့ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေထားပါတယ်။ 

Fb linkFb linkFb link
Archive linkArchive linkArchive link

အချက်အလက်စိစစ်ချက်

ဒီသတင်းထဲမှာပါတဲ့ ပုံတွေကို Google မှာပုံပြောင်းပြန်ရှာနည်းနဲ့ ရှာကြည့်လို့ရပါတယ်။ ပထမဆုံးတစ်ပုံကို ရှာဖွေကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

အီတလီက လူနာတွေအဖြစ်နိုင်ငံတကာမှာလည်း ဖော်ပြနေကြတာတွေ့ရသလို မတ်လ ၂၂ ရက်က ခရိုအေးရှားနိုင်ငံ ဇာဂရက်မြို့မှာ ငလျင်လှုပ်ခဲ့တဲ့ဖြစ်စဉ်မှာ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့် လူနာတွေကို လမ်းပေါ်ထုတ်ခဲ့ရတဲ့အကြောင်းရေးသားထားတဲ့ သတင်းဝဘ်ဆိုက်ဒ်တွေ အများအပြား တွေ့ရှိရပါတယ်။ 

EcowatchAngjelina
Archive linkArchive link

ဒုတိယမြောက်ပုံကို ပြောင်းပြန်ပုံရှာနည်းနဲ့ရှာတဲ့အခါမှာ အောက်ပါတိုင်းတွေ့ရပါတယ်။

ဒီပုံတွေ တွေ့ရတဲ့ လင့်ခ်တွေထဲက သတင်းဌာနတစ်ခုကို Google translate ကိုအသုံးပြုပြီးတော့ ခရိုအေးရှားဘာသာကနေ မြန်မာဘာသာကို ပြန်ဆိုကြည့်ရာမှာ Petrova မှ Dubrava ဆေးရုံကို ပြောင်းပေးနေပုံဖြစ်တယ်လို့ သိရပါတယ်။အောက်ပါ လင့်ခ်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

LinkArchive link

ခရိုအေးရှားနိုင်ငံက MMA ကစားသမားဖြစ်တဲ့ AdrianaVukovich ရဲ့ တွစ်တာအကောင့်မှာမျှဝေထားတဲ့ “Bad Blue Boys”တို့ဟာ ဆေးရုံက ကလေးတွေကို သွားရောက်ကယ်ဆယ်ခဲ့တဲ့ ဗွီဒီယိုကို ဒီလင့်ခ် မှာဝင်ရောက်လေ့လာနိုင် ပါတယ်။

AdrianaVukovich Twitter

မတ်လ ၂၂ ရက်က ခရိုအေးရှားနိုင်ငံ ဇာဂရက်မြို့မှာ လှုပ်ခဲ့တဲ့ ငလျင် ပုံတွေကို အသုံးပြုထားပြီးတော့ အီတလီနိုင်ငံမှာ ဖြစ်ပွားသယောင် အခြားနိုင်ငံတွေမှာလည်း သတင်းအမှားပြု လုပ်ဖန်တီးမှုတွေရှိခဲ့ကိုလည်း စိစစ်နိုင်ခဲ့ပါတယ်။ နိုင်ငံတကာမှာလည်း အလားတူပျံ့နှံ့နေတာကို အဖွဲ့အစည်း အသီးသီးက အင်္ဂလိပ်လို အချက်အလက်စိစစ်မှုတွေ လုပ်ထားတာကိုလည်း အောက်ပါ လင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Thequint.comArchive link
Latestly.comArchive link
Boomlive.inArchive link

မတ် ၂၂ ရက်က ခရိုအေးရှားနိုင်ငံမြို့တော် ဇာဂရက်မှာ ရစ်တာစကေး ၅ ဒဿမ ၄ အဆင့်ရှိတဲ့ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေအကြောင်း ဂါးဒီးယန်းက ဖော်ပြခဲ့တဲ့ ဗွီဒီယိုနဲ့ ဘီ ဘီဘီစီကဖော်ပြခဲ့တဲ့ သတင်း ကိုအောက်ပါလင့်ခ်တွေမှာဝင်ရောက် ဖတ်ရှု့လေ့လာနိုင်ပါတယ်။

The GuardianBBC

သုံးသပ်ချက်

အထက်ပါ အချက်အလက်တွေအရ “Aung Hein Htet” အမည်နဲ့အကောင့်က မျှဝေထားတဲ့ “အီတလီ နိုင်ငံရဲ့ အခြေအနေ..ဆေးရုံတွေပေါ် ထားစရာ နေရာ မရှိတော့လို့ လမ်းတွေပေါ် ထားထားရတယ်”ဆိုပြီး မျှဝေထားတဲ့ ဓာတ်ပုံနဲ့အချက်အလက်တွေဟာ သတင်းမှားသာဖြစ်ပါတယ်။ မတ် ၂၂ ရက်က ခရိုအေးရှားနိုင်မြို့တော် ဇာဂရက်မှာ ငလျင်ဖြစ်ပွားပြီးနောက် ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေဖြစ်ပါတယ်။

Avatar

Title:အီတလီမှာ ကိုရိုနာဗိုင်းရပ်စစ်လူနာတွေ လမ်းပေါ်ထားရဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *