Fact Check: မက်ဆီပုံနဲ့ပိုက်ဆံကတကယ်လား-မဟုတ်ပါ
လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကမ္ဘာ့ဂုဏ်သိက္ခာအကြီးဆုံး အားကစားပြိုင်ပွဲတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိတ်သတ်တွေအကြား လွှမ်းမိုးမှုအရှိဆုံးပွဲတစ်ပွဲဖြစ်ပြီး ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခွင့်ရချိန်ဟာ နိုင်ငံတစ်နိုင်ငံ၊ ကစားသမားတစ်ယောက်အနေနဲ့ ဂုဏ်ယူရဆုံးအခိုက် အတန့် တစ်ခုဖြစ်တယ်။ ယခုနှစ် အာဂျင်တီးနား အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို အရယူနိုင်လိုက်တဲ့ မက်ဆီ(Messi)ဟာ ခေတ်တစ်ခေတ်ရဲ့ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ အာဂျင်တီးနားမှာ မက်ဆီပုံနဲ့ ပီဆို ၁၀၀၀ ပိုက်ဆံရိုက်ထုတ်ဂုဏ်ပြုလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြား ပျံ့နှံ့လျက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါ စာသားကောက်နှုတ်ချက်ပဲဖြစ်ပါတယ်။ “ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းကို ငွေစက္ကူထုတ်ပြီး ဂုဏ်ပြု မက်ဆီပုံပါတဲ့ ပီဆို ၁၀၀၀ တန်အပြင် ၂၀၂၂ ကမ္ဘာ့ချန်ပီယံအသင်းသားတွေနဲ့ ငွေစက္ကူကို အာဂျင်တီးနား အစိုးရက တရား၀င်ထုတ်ပြီး ဂုဏ်ပြုလိုက်ပါတယ်။ […]
Continue Reading