Fact Check: နေပြည်တော်အနီးက ကာကွယ်ရေးပစ္စည်းစက်ရုံ AA တိုက်ခိုက် သိမ်းပိုက်ဆိုတဲ့ သတင်းတု
နေပြည်တော်အနီးက မြန်မာစစ်တပ်ရဲ့ အကြီးဆုံး ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(က.ပ.စ)ကို AA သိမ်းပိုက်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဇင်ဘာ ၁၇ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှု ၁ သိန်းဝန်းကျင်ရရှိထားတယ်။ တူညီတဲ့ ဗွီဒီယိုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “နေပြည်တော်နီးရှိ ကပစ အကြီးဆုံး AA တက်သိမ်းပြီ နေပြည်တော်အနီးရှိ ကပစ စက်ရုံကြီး AA တက် သိမ်းလိုက်ပြီ၊ စစ်ခွေး(၁၂၀) ဦး အလောင်းရရှိ”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် နေပြည်တော် အနီးက ကပစ စက်ရုံတရုံကို AA က […]
Continue Reading
