Fact Check: စစ်ကိုင်း ကောင်းမှုတော်ဘုရားက စည်တော်ကြီး စစ်တပ်ကရွှေ့ပြောင်းမှုနဲ့ ပတ်သက်တဲ့ ဝါဒဖြန့်သတင်းမှား
စစ်ကိုင်း ကောင်းမှုတော်ဘုရားက အလှူရှင်တစ်ဦးထုလုပ်လှူဒါန်းထားတဲ့ စည်တော်ကြီးဟာ အင်ဒို/ပသီအောက် လမ်းနည်းနဲ့ ယတြာချေထားတာကြောင့် စစ်ကိုင်းတိုင်းမှာ သေကြေပျက်စီးမှုတွေဖြစ်ရတယ်လို့ ရေးသား ထားတာတဲ့ ဝါဒဖြန့်သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ စစ်ကိုင်းကောင်းမှုတော်ဘုရားကနေ စစ်တပ်က ဒီစည်တော်ကြီးကို ဖယ်ရှားတော့မယ့်အချိန်နဲ့ အခုလို ရေးသားထားတဲ့ ပို့စ်တွေဟာ ချိန်ကိုက်ပျံ့နှံ့လာတာပဲဖြစ်ပါတယ်။ စည်တော်ကြီးဓာတ်ပုံနဲ့အတူ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါ ကောက်နှုတ်ချက် စာသားပဲဖြစ်ပါတယ်။ “#စစ်ကိုင်းတိုင်းဒုက္ခရောက်ရခြင်းတရားခံ ယခု စစ်ကိုင်းတိုင်းက အရင်စစ်ကိုင်းတိုင်း နဲ့ မတူတော့ပဲ၊ စစ်ကိုင်းတိုင်းနယ်ခံရဟန်း ရှင်လူပြည်သူတွေသေကြေပျက်စီးကြနေတာမျက်မြင်ကိုယ်တွေ့ပါပဲ။အပြစ်မဲ့သံဃာ (၁၇)ပါးလည်းအကြမ်းဖက်သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ ယခင်အစိုးရလက်ထက်က စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကိုယ်တိုင် သင်္ချိုင်းက ကုက္ကိုရ်သားနဲ့စည်ထွင်းပြီး ကောင်းမှုတော်ဘုရားကြီးရဲ့အင်္ဂါထောင့်မှာ အင်ဒို/ပသီအောက်လမ်းနည်း(Black Magic)ဖြင့်ယတြာချေတဲ့အနေနဲ့လှူဒါန်းခဲ့ပါတယ်။” စသည်ဖြင့် ရေးသားပြီး မျှဝေထားပါတယ်။ ထို့အပြင် “အဲဒီ အချိန်တုံးက အတွင်းသိနေတဲ့ ရဟန်း သံဃာအရှင်မြတ်အချို့နဲ့ […]
Continue Reading