Fact Check: ကျပ် ၁၀၀၀၀ တန်များကို ငွေမဲအဖြစ်ကြေညာတယ်ဆိုတာ မဟုတ်ပါ
မြန်မာငွေ ငါးထောင်တန်များကို ငွေမဲ အဖြစ် ဗဟိုဘဏ် ကြေငြာလိုက်တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ဒီသတင်းဟာ မှားယွင်းပါတယ်။ စစ်တပ်တပ်ပိုင် မီဒီယာက သတင်းကြေညာသူအမျိုးသားနဲ့အမျိုးသမီးဓာတ်ပုံနှင့်အတူ ၎င်းဓာတ်ပုံပေါ်မှာ “မြန်မာငွေ ၁၀၀၀၀ တန်များကို ဗဟိုဘဏ်မှအခုပဲ ငွေမဲ ကြေညာလိုက်ပြီ”လို့ စာတန်းထိုးထားပြီး မတ် ၂၄ ရက်က အောက်ပါအတိုင်း မျှဝေထားထားတွေ့ပါတယ်။ လင့်ခ်စာသားနေရာမှာတော့ “မြဝတီမာကြေညာသွားတာ သွားပြီးဗျာ”လို့ရေးသားထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link ဖေ့စ်ဘွတ်မှာ ယခုလိုမျှဝေထားတဲ့လင့်ခ်နှိပ်ကြည့်ရာမှာ bmnews အမည်နဲ့ ဘလော့ဂ်ဝက်ဘ်ဆိုဒ် စာမျက်နှာကို ရောက်ရှိသွားပြီး ယခုဓာတ်ပုံနဲ့ စာသားကိုပဲ ၃ ကြိမ်ထက်မနည်းထပ်တွေ့ရပြီး အောက်ခြေမှာတော့ ဗွီဒီယိုတစ်ခု ကိုတွေ့ရပါတယ်။ ဒီဗွီဒီယိုကို ထပ်မံနှိပ်ကြည့်ရာမှာ […]
Continue Reading