Fact Check: ၂၀၁၉ ခုနှစ်အတွင်းက TNLA ဆီကသိမ်းဆည်းရမိတဲ့လက်နက်တွေကို ကျူးကျော်အိမ်တွေရှင်းလင်းမှုကရတဲ့လက်နက်အဖြစ်ပြန်လည်မျှဝေ
ရန်ကုန်မှာ ကျူးကျော်တွေကို ဖျက်သိမ်းပြီးနောက်တွေ့ရတဲ့ လက်နက်တွေလို့ဆိုထားတဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ်က တအောင်လွတ်မြောက်ရေးတပ်မတော်(TNLA)ဆီနေ စစ်တပ်က သိမ်းဆည်းရမိတဲ့လက်နက်တွေအဖြစ် အင်တာနက်မှာပျံ့နှံဖူးပြီး ကျူးကျော်တွေဖယ်ရှားရှင်းလင်းစဉ်မှာ လက်နက်အမြောက်အများတွေ့ရတယ်ဆိုတဲ့အထောက်အထားလည်းမတွေ့ရပါဘူး။ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုက ရေးသားချက်အချို့ကို ကောက်နုတ်ဖော်ပြရင် အောက်ပါ အတိုင်းဖြစ်ပါတယ်။ “မြို့ အနှံ့က ကျူးတွေ ကို စီမံချက်ချပြီး အဆောတလျင် ဖျက်ပစ်လိုက်တဲ့ အခါမှာတော့ လှိုင်သာယာ ကျူးနဲ့ ဘုရင်နောင် တံတား အောင်ဇေယျ တံတားအောက်ဖက်က ကျူးအိမ်တွေမှာ…… ဒလ ဘက် သံလျှင် ဘက် ရွှေပြည်သာ ဘက်တွေမှာ အား ပါး ပါးးးးပက်ပက်စက်စက်ကြီး ပါပဲ ဗျာ.! သေတ္တာတွေ နဲ့ ဆာလာအိပ် အထုပ်တွေ အပြင် […]
Continue Reading