Fact Check: စစ်ကိုင်းငလျင်အခြေအနေသွားရောက်ကြည့်ရှု့စဉ် စစ်ခေါင်းဆောင် တိုက်ခိုက်ခံရလို့ သေဆုံးဆိုတဲ့ သတင်းတု

စစ်ကိုင်းမြို့ကို  ငလျင်အခြေအနေသွားရောက်ကြည့်ရှု့စဉ် စစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက်ခိုက်ခံရပြီး သေမသေ မသိရသေးဘူးလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုနဲ့  ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မင်းအောင်လှိုင် ပစ်ခတ်ခံရ စစ်ခေါင်းဆောင် စစ်ကိုင်းခရီးစဉ် ပစ်ခတ်ခံရ၊ သေမသေ မသိရသေး လမ်းသွားလမ်းလာအားလုံးကိုဖမ်းဆီးနေ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေ ကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လူမှုကွန်ယက်အသုံးပြုသူတွေ မျှဝေထားတဲ့ အတွေးအမြင် တွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေ လုပ်ပါတယ်။ ဒီချန်နယ်ဟာ […]

Continue Reading

Fact Check: ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ အဆောက်အဦးအောက်မှာ ပိတ်မိနေတဲ့ ကလေးငယ်လား-မဟုတ်ပါ

ရစ်ချ်တာစကေး ၇.၇ စစ်ကိုင်းငလျင်လှုပ်အပြီး ကလေးငယ်တဦး ပြိုကျပျက်စီးသွားတဲ့ အဆောက်အဦးတခု အောက်မှာ ပိမိနေတဲ့ ကလေးငယ်လေးအဖြစ် ဓာတ်ပုံတပုံ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။  နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး ဓာတ်ပုံဟာ ငလျင်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။  မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့ပါတယ်။  ပျံ့နှံ့နေတဲ့ ဓာတ်ပုံနဲ့ ပို့စ်စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “အသက်လုနေတဲ့ ကလေးလေး မိဘတွေတော့ ရင်ကွဲပါပြီ အားတင်ထားကလေး💔😢 ဘေးကင်းစွာ ထုတ်နိုင်ကြပါစေ 🙏🏻 #myanmar #myanmarearthquake #ငလျင် #မြန်မာ #crdphoto” မူရင်းလင်ခ့် – Original link […]

Continue Reading

Fact Check: ငလျင်လှုပ်အပြီး မြန်မာနိုင်ငံအခြေအနေအဖြစ် AI အသုံးပြုဖန်တီးထားတဲ့ ဗွီဒီယိုပျံ့နှံ့

ငလျင်လှုပ်အပြီး မြန်မာနိုင်ငံအခြေအနေအဖြစ် ထီးတော်မဲ့ ဘုရား ၂ ဆူကြားက အပျက်အစီးများနဲ့ ဖုံးလွှမ်းနေတဲ့ လမ်း ၂ ခုကြားက အဆောက်အဦးတွေကို အမြင့်တနေရာက ရိုက်ကူးထားတဲ့ ဗွီဒီယို တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။  AI အသုံးပြုဖန်တီးထားတဲ့ ဗွီဒီယိုတခု ဖြစ်ပြီး နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။  မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အပြင်းအထန်ဆုံးတခုဖြစ်တဲ့ ရစ်ချ်တာစကေး ၇.၇ ရှိတဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ဗွီဒီယိုဟာ ပျံ့နှံ့လာတာဖြစ်တယ်။ မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်းမှာ ဖေ့စ်ဘွတ်၊ x နဲ့ […]

Continue Reading

Fact Check: ငလျင်ဘေးအကူအညီပေးတဲ့ ယာဉ်တွေကို PDF တွေက တိုက်ခိုက်တယ်လို့ သတင်းမှားတွေ စစ်တပ်ဝါဒဖြန့်ချိရေးယန္တယားက ဆက်တိုက်ဖြန့်ချိ

ငလျင်ဘေးအကူအညီပေးနေတဲ့ သူတွေကို ပစ်မှတ်ထားပြီး PDF တွေက တိုက်ခိုက်နေတယ်လို့ဆိုပြီး စစ်တပ်ဝါဒဖြန့်ချိရေးယန္တယားတခုဖြစ်တဲ့ “မှိုင်းဝေ”အမည်နဲ့ တယ်လီဂရမ်အသုံးပြုသူက ဆက်တိုက်ဖြန့်ချိနေတာတွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။    မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အပြင်းအထန်ဆုံးတခုဖြစ်တဲ့ ရစ်ချ်တာစကေး ၇.၇ ရှိတဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့မယ်လို့ ခန့်မှန်းရပြီး အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက PDF တွေအနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ၂ ပတ်ကြာ ရပ်တန့်ထားမယ်လို့ ကြေညာခဲ့ပြီးနောက် အခုလို ဖြန့်ဝေမှုတွေထွက်ပေါ်လာတာဖြစ်တယ်။ တယ်လီဂရမ်ပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာကြည့်ပါ။  “မုံရွာမှ စစ်ကိုင်းသို့ ကယ်ဆယ်ရေးသွားတဲ့ ယာဥ်တန်း မြင်းမူနားမှာ အကြမ်းဖက် pdfများမှ ချောင်းမြောင်းတိုက်ခိုက်  မှိုင်းဝေ” […]

Continue Reading