Fact Check: NUG ကို လက်နက်နဲ့ စစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘောတူလိုက်ပြီ ဆိုတဲ့သတင်းမှား
UN တံခါးပိတ်ဆွေးနွေးမှုအပြီးမှာ NUG ကို လက်နက်နဲ့ စစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘောတူလိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ သတင်းမှားတစ်ခု သာဖြစ်ပါတယ်။ အစည်းအဝေးကျင်းပနေတဲ့ဓာတ်ပုံနှင့်အတူ ဓာတ်ပုံပေါ်မှာ”မြန်မာအရေးတံဂါးပိတ်ဆွေးနွေးမှုအဖြေထွက်ပြီ။NUG ကို လက်နက်နဲ့ စစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘောတူလိုက်ပြီ”လို့ ရေးသားထားပြီး “𝟕𝐃𝐚𝐲 𝐍𝐞𝐰𝐬-သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် “မြန်မာအရေးတံဂါးပိတ်ဆွေးနွေးမှုအဖြေထွက်ပြီ။NUG ကိုစစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘော တူလိုက်ပြီ” ဆိုတဲ့အချက်အလက်နဲ့ပတ်သက်ပြီး UN ဝက်ဘ်ဆိုဒ်အပါအဝင်အခြားသော ပြည်တွင်းပြည်ပသတင်း ဌာနတွေမှာ မတွေ့ရပါဘူး။ မြန်မာအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးပွဲကို […]
Continue Reading