Fact Check: NUG ကို နိုင်ငံ ၄၀ ‌ကျော်က အစိုးရအဖြစ်အသိအမှတ်ပြုပြီး စစ်တပ်ကို အကြမ်းဖက်အဖြစ်ကြေညာတဲ့ သတင်းမှား

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို နိုင်ငံပေါင်း ၄၀ ‌ကျော်က အစိုးရအဖြစ်အသိအမှတ်ပြုပြီး စစ်တပ်ကို အကြမ်းဖက်အဖြစ်ကြေညာတဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်းပါတယ်။ “1 ရက်နေ့ ဒီဇင်ဘာလ (မအလ ပေါက်ကွဲနေ) နိုင်ငံ ၄၀ ကျော် NUG ကို အစိုးရဟု သတ်မှတ် စစ်တပ်ကို အရက်စက်ဆုံး အကြမ်းက်ဟု စတင်ကြေညာ” မူရင်းလင်ခ့် – Yotube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုလို ဗွီဒီယိုကို ဖြန့်ချိနေတဲ့ ယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က သတင်းတွေကို သတင်းခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းမှား

ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်လာပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ အခုရက်ပိုင်းမှာ ယူကျူ့နဲ့ဖေ့စ်ဘွတ် စာမျက်နှာ တွေက ပြန်လည် ဖြန့်ဝေလာပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြစ်တယ်။ မီဒီယာအချို့က သတင်းတွေ ပြန်လည်ကူးယူပြီး ခေါင်းစဉ်လွဲတပ်မျှဝေထားတဲ့ ဗွီဒီယိုတွေသာဖြစ်တယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ဒီလိုပြောဆို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ အလားတူရေးသား မျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဖြန့်ဝေနေတဲ့ “Local News Tv”ယူကျူ့ချန်နယ်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ကိုလေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က သတင်းတွေကို ချဲ့ကားထားတဲ့ ခေါင်းစဉ် သို့မဟုတ် ခေါင်းစဉ်တုတွေတပ်ပြီး ပြန်လည် ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါသတင်းဟာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “ခလရ(၁၂၅)တပ်ရင်းမှူးက အလံဖြူ […]

Continue Reading

Fact Check: အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုပစ်သတ်ခံရမှုသတင်းတု

အဏာသိမ်းစစ်‌ခေါင်းဆောင် မိသားစုဝင် ၃ ဦးပစ်သတ်ခံရတယ်လို့ဆိုပြီး ယူကျု့အသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှားတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  အလားတူရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “မင်းအောင်လှိုင် မိသားစု(၃)ဦးပစ်သတ်ခံရ အခုပဲ ရန်ကုန်ခေတ်သစ်အတည်ပြုကြေညာပြီ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက်  “Share Local Media” ယူကျု့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က ဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ ဒီလို ဖြန့်ချိရာမှာ လူစိတ်ဝင်စားမှုရအောင် ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားရေးသားချက် တွေ အသုံးပြုပြီး ဖြန့်ချိနေတဲ့ နေရာတွေဖြစ်တာ တွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ “နိုဝင်ဘာ ၂၇ ရက်နေ့မှာ တစ်နိုင်ငံလုံး စစ်ဆင်ရေး စမယ်လို့ မြောက်ပိုင်းသုံးဖွဲ့ […]

Continue Reading

Fact Check: ချင်းရွှေဟော်မြို့ကို မြန်မာစစ်တပ် ပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းမှား

မြန်မာ-တရုတ်နယ်စပ်မြို့ ချင်းရွှေဟော်ကို မြန်မာစစ်တပ်က ပြန်လည်ချုပ်လိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းသာဖြစ်တယ်။ ချင်းရွှေဟော်ကို မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ကဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ကတော့ ပျံ့နှံ့နေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “၁၁-၁၁-၂၀၂၃ ရက်နေ့ ချင်းရွှေဟော်တပ်မတော်မှပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ် ဖောင်းဆိပ်၊ဟိုပန်၊ပန်လုံ အကြီးတွေနဲ့ဝေဟင်မြေပြင် ပ.စ် ခ.တ် ပေးနေဆဲ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ချင်းရွှေဟော်ကို  MNDAA က ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်မှာပဲတိုက်ခိုက်သိမ်းယူလိုက်ပြီး လက်ရှိအချိန်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်မြို့၊ မုံးကိုးမြို့၊ ဖောင်းဆိုင်မြို့၊ ကြူကုတ်(ပန်ဆိုင်း)မြို့၊ ကွမ်းလုံမြို့ တို့ကို MNDAA နဲ့မဟာမိတ်တပ်ဖွဲ့တွေက […]

Continue Reading

Fact Check: အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဗိုလ်ချုပ်မြထွန်းဦးကဖြုတ်ချမှုသတင်းတု

အဏာသိမ်းစစ်‌ခေါင်းဆောင်ကို ဗိုလ်ချုပ်မြထွန်းဦးက ထပ်မံအာဏာသိမ်းပြီး ဖြုတ်ချလိုက်တယ်ဆိုပြီး ဖေ့စ်ဘွတ်နဲ့ ယူကျု့အသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ဗိုလ်ချုပ်မြန်ထွန်ဦး အာဏာသိမ်းပိုက်လိုက်ပြီ မအလဂျပုနဲ့စိုးဝင်း ဖမ်းဆီးစစ်ကြောရေးပို့လိုက်ပြီ” တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အခုလို မျှဝေထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ယူကျု့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က ဖော်ပြခဲ့တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို လူစိတ်ဝင်စားမှုရအောင် ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားရေးသားချက်တွေ အသုံးပြုပြီး ဖြန့်ချိနေတဲ့ နေရာတွေဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ ဒီဗွီဘီသတင်းဌာနက အောက်တိုဘာ ၂၃ ရက်မှာ‌ဖော်ပြခဲ့တဲ့ “မင်းအောင်လှိုင် အရှင်းခံရတော့မှာလား”ဆိုတဲ့ ဆောင်းပါးတပုဒ်ကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ ဒီအတွေးအမြင်ဆောင်းပါထဲမှာ ဆောင်းပါးရှင်က […]

Continue Reading

Fact Check: ကျပ် ၅၀ တန်နဲ့ ကျပ် ၁၀၀ တန် စစ်ကောင်စီ ဖျက်သိမ်းမှု သတင်း‌ခေါင်း စဉ်တု

ကျပ် ၅၀ တန်နဲ့ ကျပ် ၁၀၀ တန် စစ်ကောင်စီ ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့မှာဖြန့်ဝေ နေတာတွေ့ရပြီး သတင်းမှားတခုသာဖြစ်တယ်။ ကျပ် ၅၀ တန်၊ ကျပ် ၁၀၀ တန်ဖျက်သိမ်းကြောင်းသတင်းဟာ မဟုတ်မှန်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ရဲ့ တုန့်ပြန်ချက်သတင်းကို သတင်းခေါင်း စဉ်တုတပ် ထားခြင်းဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “၅၀ကျပ်တန်နဲ့ ၁၀၀ကျပ်တန် ဖျက်လိုက်တဲ့ မင်းအောင်လှိုင် ဘာကြံနေလဲ။ အတိတ်နမိတ်တွေ မကောင်းတော့။” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ Global Media 1M အမည်နဲ့ ယူကျူ့ချန်နယ်ကိုလေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့ မှာဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူပြီး နားလည်မှုလွဲစေနိုင်တဲ့ […]

Continue Reading

Fact Check: သမ္မတဟောင်းဦးသိန်းစိန်နဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ အဖမ်းခံရဆိုတဲ့ သတင်းတု

သမ္မတဟောင်းဦးသိန်းစိန်နဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ အဖမ်းခံရဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေခဲ့ရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်း စဉ်လွဲတပ် ဗွီဒီယိုသာဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။  “Khit Thit အတည်ပြုကြေညာလိုက်ပြီ သိန်းစိန်နဲ့သန်းရွှေအဖမ်းခံရ အမြန်ဆုံးဝင်ကြည့်ကြပါ(စစ်အုပ်စု ၂ ခြမ်းကွဲကုန်ပြီ”စသည်ဖြင့် ရေးသားပြီး ယူကျူ့မှာဖြန့်ဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာတွေဟာ ရန်ကုန်ခတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြားနေခြင်းသာဖြစ်ပြီး သတင်းတွေထဲမှာ သမ္မတဟောင်း ဦးသိန်းစိန်အဖမ်းခံရ တဲ့အကြောင်း သို့မဟုတ် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေအဖမ်းခံရတဲ့အကြောင်း မပါဝင်ပါဘူး။   တကယ်တမ်း ဗွီဒီယိုထဲမှာ “ချင်းတွင်းမြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်၏ ရေယာဥ်အုပ်စုက […]

Continue Reading

Fact Check: စစ်ကောင်စီတိုက်လေယာဉ် KIA ပစ်ချတဲ့ သတင်းတု

စစ်ကောင်စီရဲ့ လေယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ပစ်ချလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေယူကျူ့မှာ ဆက်တိုက်ဖြန့်ဝေနေရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။  “KIA ကတော့ လက်စွမ်းပြလိုက်ပြီ MIG-26 ပစ်ချ”စသည်ဖြင့် ရေးသားပြီး ယူကျူ့မှာဖြန့်ဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အခြားသောပြောဆိုချက်ကတော့ “ဒေါဖုန်းယမ်ကို ဗုံးကြဲတဲ့လေယာဉ် KIA တပ်တော် ပစ်ချလိုက်ပြီ”ဆိုပြီးတော့ စက်တင်ဘာ ၁၈ ရက်က ဖြန့်ဝေမှုဖြစ်တယ်။ ဒီနေရာမှာကြည့်ပါ။  အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာတွေဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ် ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲဖြစ်တဲ့သတင်းနဲ့ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ လိုင်လွမ့်အောင်ဂျာတဝိုက်မှာ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တွေ အကြားတိုက်ပွဲအကြောင်းတွေသာပါဝင်တယ်။  ဒီသတင်းတွေဟာလည်း သတင်းမီဒီယာအချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေဖြစ်ပြီး ခေါင်းစဉ်လွဲ သို့မဟုတ် […]

Continue Reading

Fact Check: စစ်ကောင်စီကို တရားမဝင်ဘူးလို့ ထိုင်းဝန်ကြီးပြောပြီး သံတမန် အဆက်အသွယ်ဖျက်တဲ့ သတင်းတု

စစ်ကောင်စီကို တရားမဝင်ဘူးလို့ ထိုင်းဝန်ကြီးချုပ်သစ်ကပြောပြီး သံတမန်အဆက်အသွယ်ဖြတ်တောက် လိုက်တယ်ဆိုတဲ့ ယူကျူ့ဗွီဒီယိုဟာ သတင်းခေါင်းစဉ်တုတပ်ထားခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်(Srettha Thavisin)ဓာတ်ပုံနဲ့အတူ “စစ်ကောင်စီဟာ တရားမဝင်ဘူးလို့ ထိုင်းဝန်ကြီး အသစ် ပြောလိုက်ပြီ သံတမန်ရေးဖြတ်တောက်ကုန်ပြီဝေ့”စသည်ဖြင့် ရေးသားဖြန့်ဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ သတင်းတွေဟာ မီဒီယာအချို့မှာဖော်ပြထားတဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြပြီး လိုအပ်သလို သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။  ဗွီဒီယိုပါသတင်းဟာ လွတ်လပ်တဲ့အာရှအသံ သတင်းဌာန က မြန်မာဘာသာနဲ့ စက်တင်ဘာ ၁၆ ရက်ကဖော်ပြခဲ့တဲ့ “မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် ပြော”ဆိုတဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထားတာတွေ့ရပါတယ်။ မြန်မာ့အရေး အတွက် လိုအပ်ရင် […]

Continue Reading

Fact Check: အာဆီယံက စစ်ကောင်စီကို လေယာဉ်အသုံးပြုခွင့်ပိတ်ပင်ဆိုတဲ့ သတင်းမှား

အာဆီယံက စစ်ကောင်စီကို လေယာဉ်အသုံးပြုခွင့်ပိတ်ပင်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တွေ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒီလိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်း‌မီဒီယာတွေမှာဖော်ပြထားတဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိနေတဲ့ ချန်နယ်တွေဖြစ်တာတွေ့ရပါတယ်။ အခြားသော သတင်းလုပ်ငန်း အဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။  တကယ်တော့ ဗွီဒီယိုတွေအကြောင်းအရာဟာ စက်တင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်အထိ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင် တို့လိုပဲ တခြား အာဆီယံနိုင်ငံတွေ မတက်ရောက်ဘဲ […]

Continue Reading