Fact Check: UN က စစ်တပ် ၆ သိန်းကျော် လွှတ်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကို ၂၄ နာရီအတွင်းဖမ်းမယ်ဆိုတဲ့ သတင်းတု
UN က စစ်တပ် ၆ သိန်းကျော် လွှတ်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကို ၂၄ နာရီအတွင်းဖမ်းမယ်လို့ ကြေညာတယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဧပြီ ၂၂ ရက်က ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “ဧပြီ(၂၂)နေ့အထူးဝမ်းသာစရာသတင်း ဖမ်းဝရမ်း ထုတ်ပြီ ၂၄ နာရီအတွင်းဖမ်းမည်ဟုကြေငြာ UNစစ်တပ်(၆)သိန်းကျော် လွတ်လိုက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khi thit channel”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ […]
Continue Reading