Fact Check: အိန္ဒိယကနေ လက်နက်သယ်လာတဲ့စစ်ယာဉ်တန်းကို PDF က သိမ်းပိုက် ဆိုတဲ့သတင်းမှား

အိန္ဒိယကနေ လက်နက်သယ်လာတဲ့စစ်ယာဉ်တန်းကို PDF က သိမ်းပိုက်လိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တွေ Youtube မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ လူတွေ စိတ်ဝင်စားမှုရဖို့ ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ်အမှား ဖြစ်ပါတယ်။ အောက်ပါ screenshot ကတော့ Youtube Channelတစ်ခုကတင်ထားတဲ့ ဗွီဒီယိုရဲ့မြင်ကွင်းတစ်ခုဖြစ်ပါတယ်။ ၂၉ ရက်နေ့က အိန္ဒိယက လက်နက်တွေသယ်လာတဲ့ သံချပ်ကာပါ အစီး ၈၀ ပါတဲ့ စစ်ယာဉ်တန်း ကလေး-တမူး အာရှလမ်းပေါ် မိုင်တိုင်(၅၆)မှာသိမ်းပိုက်လိုက်တယ်လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် –  Youtube link |  Archive link   အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အိန္ဒိယကနေ လက်နက်တွေသယ်လာတဲ့ မြန်မာစစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာတွေ့ရပါတယ်။ “Ayeyarwaddy Times”က နိုဝင်ဘာ ၂၇ ရက်နေ့က […]

Continue Reading