Fact Check: BGF ‌ခေါင်းဆောင် စောချစ်သူ အဖမ်းခံရဆိုပြီး မျှဝေနေတဲ့ သတင်းမှား

BGF ‌ခေါင်းဆောင် စောချစ်သူ အဖမ်းခံရဆိုတယ်လို့ ဆိုထားတဲ့ ပို့စ်တစ်ခု ယူကျူ့မှာချန်နယ်တခုက ထပ်ခါတလဲ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ကြည့်ပါတယ်။ “BGF ခေါင်းဆောင် စောချစ်သူ  အဖမ်းခံရတဲ့သတင်း  ဗိုလ်ကြီးနေမျိုးဇင် ကြေညာလာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် KNA တဖြစ်လဲ BGF ခေါင်းဆောင် စောချစ်သူ အဖမ်းခံရတဲ့ သတင်းကို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း အခုဖြန့်ဝေနေတဲ့ “Update News Channel”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာ စစ်အာဏာရှင်တော်လှန်ရေးမှာ တက်ကြွလှုပ်ရှားနေတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့live လွှင့် […]

Continue Reading

Fact Check: စောချစ်သူခေါင်းဆောင်တဲ့ BGF အောင်ဇေယျစစ်ကြောင်းကို ပြန်တိုက် ဆိုတဲ့ သတင်းမှား

ဗိုလ်မှူးကြီးစောချစ်သူခေါင်းဆောင်တဲ့ BGF တပ်ဖွဲ့ဟာ အောင်ဇေယျစစ်ကြောင်းကို ပြန်တိုက်နေပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြစ်တယ်။  KNLA နဲ့ PDF တပ်တွေ မြဝတီမြို့ကို ထိန်းချုပ်ခဲ့ပြီးနောက်မှာ မြန်မာစစ်တပ်က မြဝတီမြို့ ပြန်လည်စိုးမိုးရေး အတွက် အောင်ဇေယျစစ်ဆင်ရေးဆိုပြီး စစ်ဆင်ရေးတရပ်ဖော်ဆောင်ခဲ့ပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာတွေ့ရပါတယ်။ “BGF ခေါင်းဆောင်ပွဲကြမ်းပီဟေ့  BGF ခေါင်းဆောင်စောချစ်သူမှ အောင်ဇေယျ  စစ်ကြောင်းကိုပြန်တိုက်ကုန်ပီဟေ့”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီသတင်းကို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။ အခုလိုဖော်ပြ ထားတဲ့ “Myawaddy News” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: BGF ခေါင်းဆောင် စောချစ်သူ လုပ်ကြံခံရပြီး သေဆုံးဆိုတဲ့သတင်းတု

BGF ခေါင်းဆောင် စောချစ်သူ လုပ်ကြံခံရလို့ ‌‌ဆေးရုံတင်ထားရတယ်၊ သေဆုံးသွားတယ်လို့ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။  ဒီယူကျူ့ချန်နယ်ကပဲ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတော့ BGF ခေါင်း‌ဆောင် စောချစ်သူကို စစ်ကောင်စီက ဖမ်းဆီး သတ်ပစ်လိုက်ပြီဆိုပြီးတော့ မျှဝေထားပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ “စောချစ်သူ လုပ်ကြံခံကပီဟေ့ BGF ခေါင်းဆောင် စောချစ်သူလုပ်ကြံခံရသဖြင့်  အရေးပေါ်ဆေးရုံတင်ထားကတဲ့ဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ သတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။  အခုလို ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Myawaddy News”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မှာ ဒီချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: BGF ဗိုလ်မှူးကြီး စောချစ်သူ လက်နက်ချအလင်းဝင်ပြီး KNU နဲ့ပူးပေါင်းလိုက်တဲ့ သတင်းတု

BGF ဗိုလ်မှူးကြီး စောချစ်သူ KNU ဆီလက်နက်ချအလင်းဝင်ပြီး ပူးပေါင်းလိုက်တဲ့ သတင်းတုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်တယ်။ “June 27, 2023 စောချစ်သူ KNU နဲ့ပူးပေါင်းလိုက်ပြီ”လို့ ဗွီဒီယိုခေါင်းစီမှာရေးသားထားသလို ဗွီဒီယိုထဲမှာလည်း “BGF ခေါင်းဆောင်စောချစ်သူ KNU ထံလက်နက်ချ အလင်းဝင်ပြီ စစ်တပ်ကို ပြန်တိုက်ဖို့ အမိန့်ပေးလိုက်ပြီ” စသည်ဖြင့်လည်းရေးသားထားပါတယ်။ အလားတူရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ မူရင်းလင်ခ့် – Youtube  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ဗွီဒီယိုဟာ သတင်းမီဒီယာတွေဆီက သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်တုတပ်ဖော်ပြလေ့ရှိတဲ့ ယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေရဲ့ ဖော်ပြချက်သာဖြစ်တယ်။ “Share Local […]

Continue Reading