Fact Check: KIA ကလက်စားချေတဲ့အနေနဲ့ ရဟတ်ယာဉ်ကိုပစ်ချ စစ်သား ၄၀၀ နီးပါးသေဆုံးဆိုတဲ့ သတင်းခေါင်းစဉ်တု

အနုပညာရှင်နဲ့ ပြည်သူ(၆၀)သတ်ဖြတ်မှုကို လက်စားခြေတဲ့အနေနဲ့ ကချင်တပ်မတော်(KIA)မှ ရဟတ်ယာဉ်ကို ပစ်ချလိုက်ရာ စစ်သား ၄၀၀ နီးပါး သေဆုံးသွားတယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ စစ်တပ်က KIA တပ်မဟာ ၉ ကို တိုက်လေယာဉ်နဲ့ပစ်ခတ်ခံရမှုသတင်းကို သတင်းခေါင်းစဉ်တု အသုံးပြုပြီးထင်ယောင်ထင်မှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “ကချင်တပ်မတော်(KIA)မှသွေးကြွေးတောင်းလိုက်ပြီဗျို့။ #kia #kio #ကချင်”လို့ ရေးသားပြီး “MM New” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ အောက်တိုဘာ ၂၄ ရက်ကမျှဝေထားရာမှာ  ၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၄၀၀ ကျော်နဲ့ ဗွီဒီယိုကြည့်ရှု့မှုပေါင်း ၂ သိန်းဝန်းကျင်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link တူညီတဲ့မျှဝေမှုကို Youtube ရဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။  ထို့အပြင် […]

Continue Reading

Fact Check: KIA တပ်ရင်းနဲ့တပ်မဟာတွေကို မြန်မာစစ်တပ်လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ပုံလား-မဟုတ်ပါ

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ တပ်ရင်းနဲ့ တပ်မဟာတွေကို မြန်မာစစ်တပ်က လေကြောင်းက တိုက်ခိုက်နေပုံအဖြစ် ဓာတ်ပုံ ၁ ပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့လျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ အဝေးတစ်နေရာက အဆောက်အဦးတွေဆီကနေ မီးခိုးတွေ ပျံတက်နေတာကို မြင်တွေ့ရပါတယ်။ တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဓာတ်ပုံဟာ ချင်းပြည်နယ် ထန်တလန်မြို့ကို  “KIA..ဂွမ်မော်…ဖင်ကျယ်တော့… KIA.ရင်း.၁၄..ရင်း.၆..တပ်မဟာ..၉.. လင်းယုန်တွေ…အစာကြွေးနေပြီ.. 10-5-22..အာရုံဦး…NCA..ဖောက်ဖျက်.ဆုံးမခြင်း..သင်ခဏ်းစာ. Sittway Thitsar @ကရင်ပြည်နယ်”လို့ရေးသားပြီး “Fighterforce Fighterforce”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ ဓာတ်ပုံအွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ရာဇဝင်ကိုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ […]

Continue Reading

Fact Check: KIA တပ်မဟာ ၉ ကျရှုံးသွားပြီဆိုတဲ့သတင်းတုသတင်းမှား

လက်နက်အတော်များများမြေပေါ်မှာ စုပုံထားတဲ့ ဓာတ်ပုံ ၁ ပုံနဲ့အတူ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ တပ်မဟာ ၉ ကို တပ်မ ၈၈ ကချေမှုန်းလိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်သလို ကချင်လက်နက်ကိုင် တပ်မဟာ ၉ ကျရှုံးတဲ့အကြောင်းအရာဟာလည်းမှားယွင်းပါတယ်။ “KIA တပ်မဟာ ၉ ကျရှုံးသွားပါဘီ . ပြေးချိန်တောင် မရလိုက်ဘူးဟု သိရပါတယ် … ပြည်ထောင်စုမြန်မာ့တပ်မတော်  တပ်မ ၈၈ ကတွယ်လိုက်တာပါ.            KIA အလောင်း ၂၀၀ ကျော် . လက်နက်မျိုးစုံ ၃၀၀  ကျော်ရရှိပါသည်”စသည်ဖြင့်ရေးသားပြီး “ပေတရာ ဘဂျမ်း ဘဝ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက်မှာအောက်ပါအတိုင်းမျှဝေထားပါတယ်။ […]

Continue Reading