Fact Check: NUG ကို အစိုးရအဖြစ် စစ်တပ်က လက်ခံရမည်လို့ တရုတ်ထုတ်ပြန်တဲ့ သတင်းတု

NUG ကို အစိုးရအဖြစ် စစ်တပ်က လက်ခံရမည်လို့ တရုတ်က ထုတ်ပြန်လိုက်ပြီး စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်သံရုံးကို မောင်းထုတ်မယ်ပြောဆိုတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။ တရုတ်က ဒီလိုထုတ်ပြန်တာမရှိပါဘူး။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း တသိန်းဝန်းကျင်ရရှိထားတယ်။  “တရုတ်က NUG နဲ့ ဆွေးနွေးနေပြီ တရုတ်သံရုံး မောင်းထုတ်မည်ဟု ‌ဇော်မင်းထွန်း အော်ပြောနေ NUG ကို အစိုးရ အဖြစ် စစ်တပ်က လက်ခံရမည်ဟု ထုတ်ပြန် တရုတ်ကြေညာချက် မင်းအောင်လှိုင် ဒေါသထွက်နေ” မူရင်းလင်ခ့် – Youtube link | Archive link […]

Continue Reading

Fact Check: လားရှိုးကို PDF ဝင်တိုက်လို့ စစ်ကောင်စီ ဗုံးကြဲတုန့်ပြန်ဆိုတဲ့ သတင်းတု 

လားရှိုးကို PDF ဝင်တိုက်လို့ စစ်ကောင်စီ ဗုံးကြဲတုန့်ပြန်ရာမှာ တရုတ်ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေ သေဆုံးခဲ့ တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ ဧပြီ ၂၇ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှု ၁ ဒဿမ  ၉ သိန်းကျော်ရှိထားတယ်။  “လားရှိုး အရေးပေါ်ဖြစ်နေပြီ PDF တွေက ဝင်တိုက်လို့ စစ်ကောင်စီ ဗုံးကြဲ တရုတ် ငြိမ်းချမ်း‌ရေး အဖွဲ့ဝင်တွေ သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ လားရှိုး လဲလှယ်ခဲ့ရတယ်လို့ MNDAA ထုတ်ပြန်ဆိုတဲ့ သတင်းတု

စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့ သဘောတူညီချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လားရှိုးကို လဲလှယ်ခဲ့ရတယ်လို့ MNDAA ထုတ်ပြန်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာ တွေ့ရတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာကစပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေနှိမ်နင်းရေးနဲ့ စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးလို့ ကြွေးကြော်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့တဲ့ MNDAA ဟာ တရုတ်အစိုးရ ဖိအားပေးအကြပ်ကိုင်မှုကြောင့် စစ်ကောင်စီနဲ့ ဒုတိယအကြိမ် တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဆွေးနွေးခဲ့ပါတယ်။ ဇန်နဝါရီ ၂၁ ရက်မှာ “Mandalay khithit”အမည်နဲ့ ယူကျူ့ချန်နယ်က စတင်ဖြန့်ဝေခဲ့ပြီး  ပျံ့နှံ့မှု အားကောင်း နေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “ဒေါ်စုနဲ့ လားရှိုး လှဲလှယ်ခဲ့ရဟု MNDAA ထုတ်ပြန် တစ်နိုင်ငံလုံးအတွက် အကောင်းဆုံး လုပ်ဆောင်ခဲ့ဟုဆို ဒေါ်အောင်ဆန်းစုကြည် […]

Continue Reading

Fact Check: အမေရိကန်၊ဗြိတိန်အပါအဝင် ၁၀ နိုင်ငံက တရုတ်နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပိတ်မယ်လို့ ကြေညာခဲ့သလား- မဟုတ်ပါ

၂၀၂၅ ခုနှစ် ဇန္နဝါရီလ ၁ရက်ကစပြီး တရုတ်နိုင်ငံသားတွေကို အမေရိကန်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံ ၁၀ နိုင်ငံက ပြည်ဝင်ခွင့် ဗီဇာ ပိတ်လိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။  နိုဝင်ဘာ ၃၀ ရက်မှာ စတင်ပျံ့နှံ့ခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “၂၀၂၅ ခုနှစ် ဇန္နဝါရီလ ၁ရက် မှစတင်၍ တရုတ်နိုင်ငံသားများကို  နိုင်ငံ ၁၀ နိုင်ငံက သူတို့နိုင်ငံရဲ့ လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ၎င်းတို့မဟာမိတ်နိုင်ငံများနဲ့ ညှိနှိုင်းသဘောတူညီချက်တွေအရ ပြည်ဝင်ခွင့် ဗီဇာ ပိတ်လိုက်ကြောင်း သိရပါတယ်။ […]

Continue Reading

Fact Check: တရုတ်က အမေရိကန်ကို စတင်ပစ်လိုက်ပြီး တတိယကမ္ဘာစစ် ကြေညာလိုက်ပြီဆိုတဲ့ တင်းတု

တရုတ်က အမေရိကန်ကို စတင်ပစ်ခတ်ခဲ့တာကြောင့် တတိယကမ္ဘာစစ်စတင်လိုက်ပြီဖြစ်ပြီး ကမ္ဘာပျက်ပြီလို့ ဆိုကာ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ၂၃ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၅၀၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။ “တတိယကမ္ဘာစစ်ကြီး ကြေညာပြီဗျို့  ကမ္ဘာပျက်ပြီ တရုတ်က အမေရိကန်ကို စပစ်နေပြီ မသေမချင်ရင် အမြန်ဆုံး နားထောင်သင့်တယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာမီဒီယာတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက သတင်း‌ဖော်ပြချက် မတွေ့ရပါဘူး။ တရုတ်က အမေရိကန်ကို စတင်ပစ်ခတ်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။ တကယ်တမ်းမှာ […]

Continue Reading

Fact Check: MNDAA ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးလို့ လားရှိုးက တရုတ်ရာနဲ့ချီကို MNDAA ကဖမ်းဆီးဆိုတဲ့ သတင်းမှား

မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးလိုက်ပြီး နောက် လားရှိုးမြို့က တရုတ်နိုင်ငံသား ရာနဲ့ချီကိုလည်း MNDAA က ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၁၉ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး လက်ရှိအချိန်အထိ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “MNDAA ချက်ချင်းကလဲ့စား‌ ချေလိုက်ပြီ ကိုးကန့်ခေါင်းဆောင် အဖမ်းခံရပြီးနောက် လာရှို့မြို့ပေါ်ရှိ တရုတ်နိုင်ငံသား ရာနဲ့ချီ MNDAA ဖမ်းဆီး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတချို့ကို ခေါင်းစဉ်လွဲသို့မဟုတ် သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ […]

Continue Reading

Fact Check: တရုတ်က MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို သေဒဏ်ပေးတဲ့ သတင်းတု

မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က သေဒဏ်ပေးလိုက် တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၁၈ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ ၂ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၃၀၀၀ ကျော်ရရှိထားတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “မအလနဲ့တရုတ်က MNDAA ခေါင်းဆောင်ကြီး  သေဒဏ် ဖုန်တာရွှင်ကို ဖမ်းဆီးပြီး သေဒဏ်ပေးလိုက်ပြီ နားထောင်ရင်း မျက်ရည််တောင်ကျတယ်ဗျာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Khit Thit Channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတချို့ကို ခေါင်းစဉ်လွဲသို့မဟုတ် […]

Continue Reading

Fact Check: တရုတ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို တောင်းပန်ပြီး နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်လိုက်တယ်ဆိုတဲ့ သတင်းတု

မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ(EAOs)ကို တရုတ်က တောင်းပန်လိုက်ပြီး နယ်စပ်ဂိတ်တွေကိုလည်း ပြန်လည်ဖွင့်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၁၅ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ ၄ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၇၀၀၀၀  ကျော်ရရှိထားတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “မင်းအောင်လှိုင် ဘေးဖယ်ခံနေရပြီ EAOS တွေကို တရုတ်တောင်းပန်ပြီး နယ်စပ်ဂိတ်တွေ ပြန်ဖွင့်၊ စစ်ကောင်စီ ဒေါပွနေရပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်မီဒီယာကို တုပထားတဲ့ ယူကျူ့ချန်နယ်တခုဖြစ်တာတွေ့ရပြီး ဒီချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ‌ဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: တရုတ်က စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဆိုတဲ့ သတင်းတု 

တရုတ်က မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်လိုက်ပြီး တရုတ်သမ္မတအမိန့်နဲ့ နေပြည်တော်ကို တရုတ်စစ်သားတွေ ရောက်လာပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့  ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။   “စစ်ခေါင်းဆောင် ရန်သူဝိုင်းခံရပြီ တရုတ်က ဖမ်းဆီးဖို့ အမိန့်ထုတ် တရုတ်သမ္မတ အမိန့်နဲ့ နေပြည်တော် ကို တရုတ်စစ်သားများ ရောက်ရှိ သဘောတီူမှု ချိုး‌‌ဖောက်တယ်ဆိုပြီး တရုတ်သမ္မတက မင်းအောင်လှိုင်ကို ဒေါသထွက်နေ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေနဲ့ လူမှုကွန်ယက်မှာ‌ဖော်ပြခဲ့တဲ့ အတွေးအမြင်ဆောင်းပါးတွေကို ပြန်လည်‌‌ဖော်ရာမှာ  သတင်းခေါင်းစဉ်တု ဒါမှမဟုတ် သတင်းခေါင်းစဉ်လွဲတွေတပ်ကာ ဖြန့်ချိလေ့ရှိပါတယ်။ အခုလည်း ဗွီဒီယိုထဲပါအကြောင်းအရာတွေ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် တရုတ်ရောက်နေချိန် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတဲ့ သတင်းတု

စစ်ခေါင်းဆောင် တရုတ်ရောက်နေချိန် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံမှုလို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ် ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ် တာတွေ့ရတယ်။  နိုဝင်ဘာ ၇ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ ၂ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်း ကျော်ရရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “မင်းအောင်လှိုင် တရုတ်ပြည်ရောက်နေချိန် အာဏာရှင်ဟောင်းဦးသန်းရွှေနဲ့ အမေစု တွေ့ပြီ အာမခံချက်နဲ့ လွှတ်ပေးလိုက်ပြီ/ထူးပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့ သတင်းဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံတဲ့ သတင်းဖြစ်စေ […]

Continue Reading