Fact Check: ရန်ကုန်မှာ တရုတ်သံရုံး PDF တွေ ဝင်စီးမှု တရုတ်သံအမတ်ကြီး ပါဝင် လုံခြုံရဲတပ်ဖွဲ့ ၁၂ ဦး သေဆုံးတဲ့  သတင်းတု 

ရန်ကုန်မှာ တရုတ်သံရုံးကို PDF တွေ ဝင်စီးကား မီးရှို့လိုက်ပြီး ဒီဖြစ်စဉ်အတွင်းမှာ တရုတ်သံအမတ်ကြီး ပါဝင် လုံခြုံရဲတပ်ဖွဲ့ ၁၂ ဦး သေဆုံးခဲ့တယ်လို့ ရေးသားပြီး ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ် တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “တရုတ်သံရုံး PDF တွေ မီးရှို့ပြီ လုံခြုံရဲတပ်ဖွဲ့ (၁၂)ဦး ပွဲချင်းသေဆုံး ရန်ကုန်ရှိ တရုတ်သံရုံး PDF တွေ မီးရှို့၊ တရုတ်သံအမတ်ကြီး ပါဝင် လုံခြုံရဲတပ်ဖွဲ့ (၁၂) ဦး ပွဲချင်း သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit […]

Continue Reading

Fact Check:တရုတ်ကို ပညာပြတဲ့အနေနဲ့ AA က ဓာတ်ငွေ့ပိုက်လိုင်းကို ‌ဖောက်ခွဲတဲ့ သတင်းတု

တရုတ်ကို ပညာပြတဲ့အနေနဲ့ အာရက္ခတပ်တော်(AA)က  ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲလိုက်ပြီဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့နဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “တရုတ်ကို အေအေ ပညာပေးပြီ ဓာတ်ငွေ့ ပိုက်လိုင်း AA ဖျက်ဆီးလိုက်ပြီ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းကို အေအေ ဗုံးခွဲ ပျက်စီး၊ တရုတ် စစ်တပ်(၅ဝ) နီးပါး သေဆုံး၊အများပြား အရှင်းဖမ်းမိ” Original link | Archive link အချက်အလက်စိစစ်ချက် ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ ဓာတ်ငွေ့ပိုက်လိုင်းကို AA က ဖျက်ဆီးလိုက်ပြီဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။ […]

Continue Reading

Fact Check: မြန်မာစစ်တပ်ကို စစ်ရေးအရ အရေးယူဖို့ နယူးဇီလန်ပြောဆိုတဲ့ သတင်းခေါင်းစဉ်တု

မြန်မာစစ်ကောင်စီကို စစ်ရေးအရ အရေးယူဖို့ နယူးဇီလန်က တိုက်တွန်းခဲ့တယ်ဆိုတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်း ခေါင်းစဉ်တု ဖြစ်တာတွေ့ရတယ်။ ယူကျူ့မှာဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မြန်မာစစ်ကောင်စီကို စစ်ရေးနဲ့ အရေးယူဖို့ပြောပြီ နယူးဇီလန်ကတော့ ပြတ်ပြတ်သားသား ကြေညာ တရုတ်လည်း ဝင်စွက်ဖက်လို့ မရတော့ဘူး” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး ပြန်လည်ဖြန့်ချိရာမှာ သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ဝေလေ့ရှိတာတွေ့ရတယ်။  ဒီယူကျူ့ချန်နယ် ဟာ ရန်ကုန်ခေတ်သစ် သတင်းဌာနရဲ့ ယူကျူ့ချန်နယ်နာမည်ကို တုပထားပြီး မကြာခဏဆိုသလို  Fact Crescendo […]

Continue Reading

Fact Check: တရုတ်ရောက် မြန်မာစစ်ခေါင်း‌ဆောင် အဖမ်းခံရတဲ့ သတင်းတု

တရုတ်ရောက် မြန်မာစစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတကာရဲတပ်ဖွဲ့က  ပြန်လည် ထွက်ခွာခွင့်ပိတ်ထားတယ်၊ တရုတ်နိုင်ငံက ဖမ်းလိုက်ပြီလို့ ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့ မှာ  ပျံ့နှံ့မှုအားကောင်း နေတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “အပြန်လမ်းမဲ့နေပြီ နိုင်ငံတကာ ရဲတပ်ဖွဲ့က ထွက်ခွင့်မပြု နိုင်ငံတကာခေါင်းဆောင်တွေအကုန် ပြန်ကုန်ပြီ မင်းအောင်လှိုင် လေဆိပ်ကနေ ထွက်ခွာခွင့်မရ ဖြစ်နေ ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “”Mandalay KhitThit”ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့က သတင်းတွေကို ပြန်လည် ကူးယူပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာတွေ့ရတယ်။ မြန်မာ စစ်ခေါင်းဆောင်ဟာ […]

Continue Reading

Fact Check: တရုတ်က ဖိအားပေးလို့ အကျဉ်းသားအားလုံး စစ်ခေါင်းဆောင် လွှတ်ပေးဆိုတဲ့ သတင်းတု

တရုတ်က ဖိအားပေးလို့ အကျဉ်းသားအားလုံး စစ်ခေါင်းဆောင် လွှတ်ပေးလိုက်တယ်လို့ဆိုပြီး ဗွီဒီယို ယူကျူ့ ချန်နယ်တခုက မျှဝေထားရာမှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှာ တခုဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဒေါ်စုသတင်း အပြည့်အစုံလာပြီ အကျဉ်းသားများ လွတ်ငြိမ်းရပြီ တရုတ်သွားတဲ့ စစ်ခေါင်းဆောင် အမိန့်ထုတ်ပြန် တရုတ်ရဲ့ ဖိအားကြောင့် အကုန်လွတ်ငြိမ်းပေးရပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandala KhitThit”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့နေရာဖြစ်တာတွေ့ရတယ်။ မြန်မာ စစ်ခေါင်းဆောင် ဟာ တရုတ်‌သွားတဲ့ ခရီးစဉ်အတွင်းမှာ အကျဉ်းသားတွေ လွှတ်‌‌ပေးတယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။  တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြထားတဲ့ အကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲ တရုတ်လက်မခံဆိုတဲ့ သတင်းတု 

စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲ တရုတ်လက်မခံဘူးဆိုတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “တရုတ် အကြပ်ကိုင်လိုက်ပြီ တရုတ်သံရုံး စစ်တပ်က မောင်းထုတ် ဒေါ်အောင်ဆန်းစုကြည်ပါမှ ရွေးကောက်ပွဲလက်ခံမည် စစ်တပ်ရွေးကောက်ပွဲလက်မခံဟု တရုတ်က အပြတ်ပြော” Original link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းကြည်မပါတဲ့ စစ်တပ်က ကျင်းပမယ်လို့ ကြွေးကြော်ထားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရုတ်က လက်မခံဘူးလို့ ပြောတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ “Mandalay Khitthit” အမည်နဲ့ ယူကျူချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး သတင်းတွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေ သတင်း‌ခေါင်းစဉ် တုတပ်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ပတ်သက်ပြီး Fact […]

Continue Reading

Fact Check: ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပြီး တရုတ်ကို NUG အကြပ်ကိုင်တဲ့ သတင်းတု

ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပြီး တရုတ်ကို NUG က အကြပ်ကိုင်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယို “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ လုပ်ကြံရေးသား ပြောဆိုမျှဝေမှုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၅ သိန်းကျော်ရရှိထားတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေကို Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ထားတာ‌တွေကို ဒီလင့်ခ်မှာကြည့်ပါ။ ဒီချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ဝေတဲ့ နေရာ တခုဖြစ်တာတွေ့ရတယ်။ ရံဖန်ရံခါ […]

Continue Reading

Fact Check: လူထုကို သတ်ဖြတ်နေလို့ မြန်မာစစ်တပ်ကို တရုတ် လေယာဉ်ဆီ ဖြတ်တောက်ဆိုတဲ့ သတင်းတု

လူထုကို သတ်ဖြတ်နေလို့ မြန်မာစစ်တပ်ကို တရုတ်က ဝေဖန်လိုက်ပြီး လေယာဉ်ဆီလည်း ဖြတ်တောက် လိုက်တယ်ဆိုတဲ့ ဗွီဒီယိုကို “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “စစ်တပ်ကို တရုတ်အရေးယူပြီ လေယာဉ်အသုံးပြုခွင့် ပိတ်လိုက်ပြီ ပြည်သူကို သတ်ဖြတ်နေတဲ့ စစ်တပ်ကို တရုတ်ပြင်းထန် ဝေဖန် လေယာဉ်ဆီ ဖြတ်တောက်လိုက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြပြီး သတင်းတွေကို ကူးယူ‌ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact […]

Continue Reading

Fact Check: ဗီယက်နမ်မှာ ရထားစီးရင်း မိုးမလုံလို့ ထီးဆောင်းနေရတာလား-မဟုတ်ပါ

ရထားပေါ်မှာ ထီးဖွင့်ထားတဲ့ ဓာတ်ပုံတွေနဲ့အတူ တရုတ်နည်းပညာနဲ့ ဆောက်လုပ်ခဲ့တဲ့ ဗီယက်နမ်က ရထားလိုင်းဟာ တနှစ်မကြာသေးခင်မှာ ပျက်စီးခဲ့ပြီး မြို့တွင်း ရထားစီးရင်း မိုးမလုံလို့ ရထားစီးသူတွေဟာ ထီးဆောင်းနေရတယ်လို့ပြောဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။  ဒါပေမဲ့ မှားယွင်းပြောဆိုချက်ဖြစ်ပြီး ဗီယက်နမ်က ရထားလေအေးပေး စက်ချို့ ယွင်းမှုဖြစ်စဉ်တခုနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံသာ ဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  တူညီစွာ  ပြောဆိုဖြန့်ဝေထားတာတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “တရုတ်နည်းပညာနဲ့ ရထားလိုင်းဖွင့်ပြီး တနှစ်မကြာသေးခင် ဗီယက်နမ်နိုင်ငံသားတွေဟာ မြို့တွင်းရထားစီးရင်း မိုးမလုံလို့ ထီးဆောင်းနေကြရရှာပါတယ်။ တရုတ်ရထားနည်းပညာအစွမ်း အံ့မခန်းပါပဲ။ 😁 photo: ASEAN urbanist” Original link | Archive […]

Continue Reading

Fact Check: NUG ကို အစိုးရအဖြစ် စစ်တပ်က လက်ခံရမည်လို့ တရုတ်ထုတ်ပြန်တဲ့ သတင်းတု

NUG ကို အစိုးရအဖြစ် စစ်တပ်က လက်ခံရမည်လို့ တရုတ်က ထုတ်ပြန်လိုက်ပြီး စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်သံရုံးကို မောင်းထုတ်မယ်ပြောဆိုတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။ တရုတ်က ဒီလိုထုတ်ပြန်တာမရှိပါဘူး။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း တသိန်းဝန်းကျင်ရရှိထားတယ်။  “တရုတ်က NUG နဲ့ ဆွေးနွေးနေပြီ တရုတ်သံရုံး မောင်းထုတ်မည်ဟု ‌ဇော်မင်းထွန်း အော်ပြောနေ NUG ကို အစိုးရ အဖြစ် စစ်တပ်က လက်ခံရမည်ဟု ထုတ်ပြန် တရုတ်ကြေညာချက် မင်းအောင်လှိုင် ဒေါသထွက်နေ” မူရင်းလင်ခ့် – Youtube link | Archive link […]

Continue Reading