Fact Check: စစ်ကောင်စီလေယာဉ် SU 30 ၅ စီး ပစ်ချခံတဲ့ သတင်းတု
စစ်ကောင်စီ SU 30 တိုက်လေယာဉ် ၅ စီးပစ်ချခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းတုဖြစ်ဝေနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်အစမှာပြသတဲ့ ရုပ်ကတ်ပါ စာသား ကောက်နုတ်ချက်ဖြစ်တယ်။ “တိုက်လေယာဉ် ၅စီး ပစ်ချ ပြည်သူနဲ့စစ်ရှောင်စခန်းတွေကိုဗုံးကျဲနေတဲ့ စစ်ကောင်စီလေယာဉ် SU 30 ၅စီး ယနေ့ပစ်ချ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖော်ပြထားတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ဝေနေတဲ့ ချန်နယ်တခုဖြစ်တာ တွေ့ရပါတယ်။ ဒီရက်ပိုင်းထဲမှာ သတင်းမီဒီယာတွေက စစ်ကောင်စီ တိုက်လေယာဉ်တွေ ပစ်ချခံရတဲ့အကြောင်း ဖော်ပြချက်မတွေ့ရပါဘူး။ Also read – […]
Continue Reading