Fact Check: မန္တလေးဆန္ဒပြခေါင်းဆောင် ကိုတေဇာဆန်း ပစ်သတ်ခံရလို့ သတင်းတု သတင်းမှားဖြန့်

မန္တလေးဆန္ဒပြခေါင်းဆောင်ကိုတေဇာဆန်းကို ဖမ်းဆီးပြီး သေနတ်နဲ့ပစ်သတ်တယ်လို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ တကယ်တော့ ဒီသတင်းဟာ မှားယွင်းပါတယ်။  “အခုလေးတင်ဖြစ်သွားတာ ကိုတေဇဆန်း ကောင်းရာ ဘဝ ရောက်ပါစေဗျာ”လို့ ရေးသားပြီး ကိုတေဇာဆန်းကို ဖမ်းဆီးပြီး ပစ်သတ်လိုက်တယ်လို့လည်း “News218Media”အမည်နဲ့ ဘလော့စာမျက်နှာက မျှဝေထားပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် မေ ၂၉ ရက်က ကိုတေဇာဆန်းကိုဖမ်းဆီးပြီး ပစ်သတ်ခံရတယ်လို့ ရေးသားထားပေမဲ့ မန္တလေးက သပိတ် စစ်ကြောင်းဦးဆောင်သူ ကိုတေဇာဆန်းဟာ သူ့ရဲ့ဖေ့စ်ဘွတ်မှာ မေ ၃၀ ရက်အထိ မန္တလေးမှာ ပုံမှန်သပိတ်စစ်ကြောင်းတွေ ထွက်နေဆဲဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ […]

Continue Reading