Fact Check: ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခအတွင်းက ဓာတ်ပုံကို တောင်ငူလေတပ်က ထွက်ပြေးတဲ့ စစ်သားများအဖြစ်မျှဝေ

တောင်ငူ လေတပ်စခန်းမှ အရာရှိနှစ်ဦးနှင့် တပ်သားနှစ်ဦးထွက်ပြေးတဲ့ ဓာတ်ပုံအဖြစ်ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၂ ခုနှစ် ဇွန်လကတည်းက အင်တာနက်မှာ ပျံ့နှံ့နေခဲ့တာတွေ့ရပြီး ရခိုင်လူမျိုးရေး ပဋိပက္ခအတွင်းက ဓာတ်ပုံ ဖြစ်တာတွေ့ရပါတယ်။ “😘 အလှဆုံး ဓာတ်ပုံ 😘 တောင်ငူ လေတပ်စခန်းမှ အရာရှိနှစ်ဦးနှင့် တပ်သား နှစ်ဦး လက်နက်၄ လက် ယူဆောင်၍ သံတောင်မြို့.  KNUနယ်မြေ ဆီသို့ယနေ့ နံနက်ပိုင်း. ၈နာရီ ၄၅ မိနစ်ခန့် က ထွက်ပြေး #crd”လို့ရေးသားပြီး “Hein Htet San” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၅၀၀ ကျော်ရှိပါတယ်။ တူညီစွာရေးသားမျှဝေနေကြတာကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း […]

Continue Reading