Fact Check: တရုတ်ဒုံးပျံ ပုသိမ်မြို့အနီးမှာ ပြုတ်ကျမယ်လို့ NASA ထုတ်ပြန်ဆိုတဲ့ သတင်းမှား
တရုတ်လွှတ်တင်လိုက်တဲ့ Long March 5B ဒုံးပျံဟာ မြန်မာနိုင်ငံပုသိမ်မြို့အနီးမှာပြုတ်ကျနိုင်တယ်လို့ NASA အဖွဲ့ကထုတ်ပြန်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ နားလည်မှုလွဲစေ နိုင်တဲ့သတင်းမှားတစ်ခုဖြစ်ပါတယ်။ ဒုံးပျံဟာ တန်ချိန် ၂၃ တန် နီးပါးအလေးချိန်ရှိပြီး အာကာသထဲမှာပျက်ကျပြီးနောက် တနင်္ဂနွေနေ့မှာမြန်မာနိုင်ငံ ဧရာ၀တီတိုင်းထဲက ပုသိမ်မြို့ဧရိယာအတွင်း ပြုတ်ကျကာ အရှိန်ပြင်းလွန်းလို့ ဂြိုလ်တုအစိတ်အပိုင်းများဟာ လွင့်စင်ပြီးလူနေရပ်ကွက်တွေအပြင် ပုသိမ်အနီးတဝိုက် ၂၆မိုင် အတွင်းသက်ရောက်နိုင်တယ်လို့ ရေးသားထား ပါတယ်။ တရုတ်ဂြိုလ်တု Long March 5B ပြုတ်ကျတာဟာ ၃ကြိမ်ရှိခဲ့ပြီး ၂၀၂၀ မေလတုန်းက အာဖရိကနိုင်ငံ အနောက်ဖက်ကမ်းခြေသို့ ပျက်ကျခဲ့စဉ်ကလူ ၂၀၀ကျော် သေကြေခဲ့တယ်လို့လည်း ပျံ့နှံ့ခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်မှာ ဖော်ပြပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ပါစာသားတွေဖြစ်ပါတယ်။(မူရင်းရေးသားချက်) “ဧရာဝတီ ရေ သတိထားကြပါ *************************** တရုတ်နိုင်ငံက လွှတ်တင်လိုက်တဲ့ဂြိုလ်တုဟာ အာကာသမှာပျက်ကျပြီး […]
Continue Reading