Fact Check: တော်လှန်ရေးကာလပြီးဆုံးပြီလို့ NUG သမ္မတကြေညာဆိုတဲ့သတင်းမှား

တော်လှန်ရေးကာလပြီးဆုံးပြီလို့ NUG သမ္မတကြေညာလိုက်လို့ မြို့နယ် ၅ ခုမှာ အောင်ပွဲခံကြတယ် ဆိုတဲ့သတင်းမှားဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။  ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “အမေရိကန်နဲ့ NUG အရေးပေါ်ကြေညာ”စသည်ဖြင့်ရေးသားထားသလို “တော်လှန်ရေးကာလပြီးဆုံးပြီဟု ယာယီသမ္မတအရေးပေါ်ကြေညာ မြို့နယ် ၅ ခုမှာ အောင်ပွဲခံပြီ ““The Mercerneries ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ NUG ယာယီသမ္မတနဲ့ EU ကိုယ်စားလှယ်တို့ အွန်လိုင်းတဆင့် ဆွေးနွေးမှုနဲ့ သတင်းကို သတင်းခေါင်းစဉ်လွဲနဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အမေရိကန်နဲ့ NUG ပူးတွဲကြေညာချက်မတွေ့ရသလို ဒီလို EU ကိုယ်စားလှယ်နဲ့ဆွေးနွေးမှုဟာ မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ […]

Continue Reading

Fact Check: အိမ်တွေကို မီးရှို့ခဲ့တယ်လို့ NUG သမ္မတက ဝန်ခံခဲ့တာလား- မဟုတ်ပါ

အိမ်တွေကို မီးရှို့ခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ယာယီသမ္မတကဝန်ခံလိုက်ပြီး ဒီလိုဝန်ခံတဲ့ အတွက် သမ္မတကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပန်ဆယ်လိုက ဝေဖန်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင် သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုပါအကြောင်းအရာ ၂ ခုဟာ မတူညီတဲ့အချိန် မတူညီတဲ့အကြောင်းအရာအဖြစ်အပျက် ၂ ခုအပေါ်ပြောဆို ချက်ကို အဖြစ်အပျက်တစ်ခုထဲကို ဖော်ညွှန်းသယောင်ဖော်ပြထားခြင်းဖြစ်ပါတယ်။  “အမြင်မှန်ရလို့ဝန်ခံတာကို အိမ်တွေကို သူတို့ NUG က မီးရှို့ဖျက်ဆီးကြောင်း ဝန်ခံလိုက်တဲ့ သမ္မတရူးကို ပန်ဆယ်လိုတင်းပြီးဆဲတာ အနှစ်ကြီး” စသည်ဖြင့်ရေးသားပြီး “ကိုခန့်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် NUG သမ္မတဒူဝါလရှီးလပြောကြားချက်ဗွီဒီယိုဟာ […]

Continue Reading

Fact Check: PDF အင်အား၂သိန်းနဲ့ရန်ကုန်ကိုသိမ်းပိုက်ဖို့ရှိလို့ ၃ ရက်အတွင်းရှောင်ကြဖို့ NUG သမ္မတအရေးပေါ်သတိပေးဆိုတဲ့သတင်းမှား

PDF အင်အား၂သိန်းနဲ့ ရန်ကုန်ကိုသိမ်းပိုက်ဖို့ရှိလို့ ရန်ကုန်ကနေ ၃ ရက်အတွင်းခေတ္တရှောင်ကြဖို့ NUGသမ္မတ အရေးပေါ်သတိပေးတယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ဝေနေခြင်းဖြစ်ပြီး ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်မြို့ ပျောက်ကြားအဖွဲ့တွေက ပြောဆိုထုတ်ပြန်ထားတဲ့ စစ်ကောင်စီပက်သတ်တဲ့နေရာတွေနဲ့ဝေးဝေးနေဖို့ဆိုတဲ့အကြောင်း အရာသာဖြစ်ပါတယ်။ “ရန်ကုန်ကနေ၃ရက်အတွင်းခေတ္တရှောင်ကြဖို့NUGသမ္မတအရေးပေါ်သတိပေး။အင်အား၂သိန်းနဲ့၁ပတ်တိတိသိမ်းမယ်တဲ့”လို့ ရေးသားပြီး “နွေဦးတော်လှန်ရေး” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၂၉ ရက်မှာ အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရှိပြီး ပြန်လည်မျှဝေမှုပေါင်း ၅၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို Youtube ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၂ မိနစ်ရှည်လျားတဲ့ ဗွီဒီယိုမှာ NUG သမ္မတ ဒူဝါလရှီးလရဲ့ ဓာတ်ပုံနဲ့ “ရန်ကုန်ကနေ၃ရက်အတွင်း ခေတ္တ ရှောင်ကြဖို့NUGသမ္မတအရေးပေါ်သတိပေး”လို့ရေးသားထားပေမဲ့ […]

Continue Reading