Fact Check: ဘဏ်အပ်ငွေ အကုန်သိမ်းခံရနိုင် အမြန်ထုတ်ကြပါဆိုတဲ့သတင်းမှား
ဒီဇင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ဘဏ်အပ်ငွေ အကုန်ပိတ်သိမ်းခံရပြီး ငတ်ပြတ်ကိန်း ဆိုက်ပြီ အရေးပေါ်သတင်း ဆိုပြီး သတင်းခေါင်းစဥ်တု ပြုလုပ်ကာ သတင်းအမှား ဖြန့်ဝေတဲ့ ဗွီဒီယိုပို့စ်တွေဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့မှု ရှိခဲ့ပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ “ဘဏ်အပ်ငွေ အကုန်သိမ်းခံရနိုင်#အမြန်ထုတ်ကြပါ#အရေးကြီးပြီ”လို့ ရေးသားပြီး “Best Page” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားတာ တွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံထဲမှာလည်း ဘဏ်အပ်ငွေ အကုန်ပိတ်သိမ်းခံရ ငတ်ပြတ်ကိန်းဆိုက်ပြီ”လို့လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာ မှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါပထမဆုံးသတင်းတစ်ပုဒ်ဟာ ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်မှာ အစိုးရဝန်ထမ်းတွေဟာ […]
Continue Reading