Fact Check: လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၆ ရက်မှာ ပြန်လွတ်ပြီဆိုတဲ့ သတင်းတု
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၆ ရက်မှာ ပြန်လွတ်လာပြီး ရန်ကုန်မြို့လယ်မှာ ပြည်သူ သိန်းချီကြိုဆိုခဲ့တယ်လို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခု ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုနဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “၁၆ ရက်နေ့ ဒီမနက် (၈)နာရီတိတိမှာ လူထုခေါင်းဆောင်လွှတ်ပြီ ရန်ကုန်မြိုလယ်မှာ ပြည်သူသိန်းချီကြိုဆို” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေ ကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ဝေတာတွေပြုလုပ်ပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ […]
Continue Reading