Fact Check: မင်းအောင်လှိုင်ရဲ့ အာဏာခွဲဝေဖို့ ညှိနှိုင်းချက် ဒေါ်အောင်ဆန်းစုကြည်ပယ်ချတဲ့ သတင်းတု
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာခွဲဝေဖို့ ညှိနှိုင်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသား ပယ်ချလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “အမေစု ပြတ်သားပြီ မင်းအောင်လှိုင်ရဲ့ အာဏာခွဲဝေဖို့ ညှိနှိုင်းမှု အမေစု ပယ်ချ” Original link | Archive link အချက်အလက်စိစစ်ချက် ဒီလိုအာဏာခွဲဝေဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးညှိနှိုင်း လာတယ် ဆိုတဲ့အကြောင်း အခု သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုမှာလည်း မပါဝင်သလို တခြား ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာလည်း ဖော်ပြချက်မတွေ့ရပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ […]
Continue Reading
