Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု 

ဒေါ်‌အောင်ဆန်းစုကြည်ကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “လွတ်ငြိမ်းဟေ့ အမှုတွေ ရုတ်သိမ်းပြီ လူထုခေါင်းဆောင် ဆိုတာဒါပဲ့ ပြည်သူတွေ ပြည့်နေပြီ နိုင်ငံရေး အကျဉ်းသားအားလုံး အိမ်ပြန်နေကြပြီ အထူးသတင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါလာပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လွတ်လာတဲ့ သတင်းတု 

ဒေါ်‌အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “အမေစုနဲ့ ဦးဝင်းမြင့် ထွက်လာပြီ ကျားဖြန့်အမှု ကို ဖုံးကွယ်ဖို့ ဒေါ်စုနဲ့ ဦးဝင်းမြင့်ကို  မင်းအောင်လှိုင် ချက်ချင်း လွှတ်ပေးလိုက်လို့ လန့်ကုန်ပြီ ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလို တည်းဖြတ်ပြောဆိုတာ၊ လုပ်ကြံပြောဆိုတာနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်နယ်ထရမ့်တွေ့ဆုံမည်ဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်နယ်ထရမ့်တွေ့ဆုံမယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ  ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “ဒေါ်နယ်ထရမ့်နဲ့ အမေစု တွေ့ဆုံမည် အာဆီယံ အစည်းအဝေး ဒေါ်စု တက်ရမည်၊ မင်းအောင်လှိုင်ကို  ဖုန်းဆက်ပြီး ဒေါ်နယ်ထရမ့် ဖိအားပေး”  Original link | Archive link အချက်အလက်စိစစ်ချက် “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တာတွေ့ရတယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ “thumbnail”ဓာတ်ပုံမှာ အာဆီယံအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်မယ်၊ ဒေါ်နယ်ထရမ့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမယ်စသည်ဖြင့် ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့အကြောင်းအရာဟာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့် ပြန်လွတ်လာပြီဆိုတဲ့ သတင်းမှား

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့သမတကြီးဦးဝင်းမြင့်တို့ကို ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြန်လွတ်မြောက်လာပြီလို့ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်း ခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “ဖေဖော်ဝါရီလ ၉ ရက် ၊ ညနေ ၉နာရီ သမ္မတဦးဝင်းမြင့်နဲ့ဒေါ်စုလွှတ်ရလာပြီ ၊ပျော်လွန်းလို့မျက်ရည်တေညင်ကျမိတယ်“လို့ စသည် ဖြင့် ရေးသားကာ “NGV”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link|  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၂၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင် အဖွင့်မှာပါတဲ့ “ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ညနေ ၉ နာရီ၊ သမ္မတဦးဝင်းမြင့်နဲ့ဒေါ်စုလွှတ်ရလာပြီ”ဆိုတဲ့ အကြောင်းအရာ […]

Continue Reading