Fact Check: ဒေါ်အောင်ဆန်းစုကြည် အသက်မရှိတော့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတဲ့ သတင်းတု
နေအိမ်လေလံတင်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတယ်လို့ ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်း လျှက်ရှိတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူ ထားခြင်းဖြစ်တယ်။ မတ် ၂၉ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၃ သိန်းကျော်ရှိထားတယ်။ “ ဗိုလ်ချုပ်ဇော်မင်းထွန်း အကုန်ဖွင့်ချပြီ နေအိမ်လေလံတင်မှုအပြီး အမေစု အသက်မရှိတော့ဘူးလို့သတင်းထွက်လာပြီ ပြည်သူဆူမှာစိုးလို့တဲ့၊ အမြန်ဖြန့်ပေးကြပါ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MS Story(Myanmar)”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ် […]
Continue Reading