Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်မြင့်အပါအဝင် အကျဉ်းသား ၈၀၀၀ လွတ်လာတဲ့သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်မြင့်အပါအဝင် အကျဉ်းသား ၈၀၀၀ လွတ်လာပြီလို့ဆိုကာ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အကျဉ်းသား ၈၀၀၀ ခန့်လွတ်လာပြီ အမေစုနဲ့ သမ္မတ ကြီး သတင်းအထူးရှယ် နိုင်ငံတော်အဆင့် သတ်မှတ်ကြေညာ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း ဗွီဒီယိုထဲမှာ ပြန်လည်ဖော်ပြနေတဲ့အကြောင်းအရာဟာ […]

Continue Reading

Fact Check: တောင်ငူထောင်မှာအကျဉ်းသား ၉၀ ထွက်ပြေးတယ်ဆိုတဲ့ချဲ့ကားထားတဲ့ သတင်းမှား

တောင်ငူထောင်ကနေ အကျဉ်းသား (၉၀ )ထွက်ပြေးလွတ်မြောက်သွားပြီး စစ်ကောင်စီဘက်မှ စစ်သား (၃၀)ပစ်သတ်ခံရကာ သေနတ် (၄)လက် လုယူသွားတယ်ဆိုတဲ့ ဗီဒီယိုပို့စ်တခု လူမူကွန်ယက်စာမျက်နှာမှာ ယနေ့ ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ မူရင်းသတင်းအမှန်ကို ချဲ့ကားပြီး သတင်းတု ပြန်လည် ဖန်တီးထားတာကို တွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့  ဗွီဒီယိုရုပ်ကတ်ထဲမှာ “၁၉ ရက်နေ့တောင်ငူထောင် မီးလောင်ပြီ အကျဉ်းသား (၉၀)ထွက်ပြေးလွတ်မြောက် စစ်ခွေး (၃၀)ပစ်သတ် သေနတ် (၄)လက်လုယူ” စသဖြင့် Bestss Videos အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေထားတာ အောက်ပါတိုင်း တွေ့ရပါတယ်။ မူရင်းလင်ခ့် –FB link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာတော့ တောင်ငူထောင်မှာ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ ၁ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးက […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်/ကျဉ်း ၁၀၀ကျော်ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုလိုက်ပြီဆိုတဲ့ သတင်းခေါင်းစဉ်တု

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀၀ကျော်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်စာထုတ်ပြန် လိုက်ပြီဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ပါတယ်။ သတင်းဟောင်းတွေကို စိတ်ဝင်စားဖွယ်သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ “အမေစုအပါအဝင် နိုင်ကျဉ်း(၁၀၀)ကျော်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်စာထုတ်ပြန်လိုက်ပြီ#သတင်းထူး”လို့ ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုကအောက်ပါအတိုင်းမျှဝေထားရာမှာ ၈ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၄၀၀၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် စစ်တပ်က ထုတ်ပြန် လိုက်တယ်ဆိုတဲ့ သတင်းမျိုး သတင်းဌာနတွေက ဖော်ပြတာမတွေ့ရပါဘူး။ ယခုဖြန့်ဝေနေတဲ့ ဗွီဒီယိုပို့စ်စာသားနဲ့ ဗွီဒီယိုထဲမှာ “အမေစုအပါအဝင် နိုင်ကျဉ်း(၁၀၀)ကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်စာ ထုတ်ပြန်လိုက်ပြီ #သတင်းထူး”လို့ ရေးသားထားပေမဲ့ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ သတင်းဌာနတွေမှာ ဖော်ပြခဲ့တဲ့ “ပူတာအို နမ်ဟော့အကျဥ်းထောင်တွင် […]

Continue Reading