Fact Check: NUG လေတပ် နေပြည်တော်ကိုဝိုင်းထားပြီ၊ လေယာဉ်သုံးတိုက်မှာဖို့ အပြင်မထွက်ဖို့ ထုတ်ပြန်ဆိုတဲ့ သတင်းတု
NUG လေတပ် နေပြည်တော်ကိုဝိုင်းထားပြီ၊ လေယာဉ်သုံးတိုက်မှာဖို့ အပြင်မထွက်ဖို့ ထုတ်ပြန်ချက်ဆိုတဲ့ သတင်းတုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ အောက်ပါစာသားတွေကတော့ ဘလော့ဂ်ပို့စ်တစ်ခုမှာရေးသားထားချက်ဖြစ်ပါတယ်။ “NUG လေတပ်နေပြည်တော်ကိုဝိုင်းထားလိုက်ပြီဗျို့”လို့ သတင်းခေါင်းစဉ်အနေနဲ့ရေးသားထားပြီး “လုံးဝဂျင်းမဟုတ်ဘူး မနက်ဖြန် လေယာဉ်သုံးတိုက်မှာ လုံးဝအပြင်မထွက်ဖို့ပူးတွဲထုတ်ပြန်”လို့ ရေးသားပြီး “onlinenews79.com” အမည်နဲ့ဝက်ဘ်ဆိုဒ်က အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive link ဒီဘလော့ဂ်ပို့စ်ကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းပြန်လည်ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် “onlinenews79.com” အမည်နဲ့ဘလော့ဂ်ပို့စ်ကို ဝင်ရောက်ကြည့်ရှူ့မယ်ဆိုရင် “NUG လေတပ်နေပြည်တော် ကိုဝိုင်းထားလိုက်ပြီဗျို့”လို့ရေးသားထားတဲ့ သတင်းခေါင်းစဉ်၊ NUG သမ္မတ ဒူဝါလရှီးလ၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ တိုက်လေယာဉ်ဓာတ်ပုံတို့ကို ပေါင်းစပ်ပြုပြင်ထားတဲ့ ဓာတ်ပုံပေါ်မှာ “လုံးဝဂျင်းမဟုတ်ဘူး မနက်ဖြန် လေယာဉ်သုံးတိုက်မှာ လုံးဝအပြင်မထွက်ဖို့ပူးတွဲထုတ်ပြန်”လို့ ရေးသားထားတဲ့ ရေးသားချက်ကိုပဲ ထပ်မံတွေ့ ရပြီး […]
Continue Reading